This is default featured slide 1 title
ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
ကလေးငယ်များ တရားထိုင်နေကြပုံ.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Pages
Sunday, October 30, 2011
လူနေမှုစနစ်၏အခြေခံသဘောတရား
     သိင်္ဂါလသည် ရာဇဂြိုဟ်မြို့နေ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ပေါက်ဖွါးလာသော သားတစ်ပါးဖြစ်သည်။ သူ၏ မိဘတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အလွန်ကိုင်းရှိုင်း ရိုသေကြသူများဖြစ်သည်။ သို့သော် သိင်္ဂါလ-ကား မိဘတို့နှင့်မတူ တစ်မူထူးခြားသော အတွေးအခေါ်ရှိခဲ့လေသည်။ သူ့ကိုယ်သူကိုလည်း မိဘတို့ထက်သာသည်၊ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်၊ မိဘတို့ကား ခေတ်မမှီတော့၊ ခေတ်နောက်မှာကျန်ရစ်ပြီ၊ သူတို့ခေတ်၌ မိဘတို့ခေတ်ကအယူအဆများ အသုံးမ၀င်တော့ဟု သူယူဆသည်။
     သူ၏မိဘတို့သည် သားလှရတနာ သားသည်းခြာကို မြတ်ဗုဒ္ဓထံမှောက်သို့ရောက်အောင်၊ သံဃာတော် များထံရောက်အောင်၊ ရောက်ခဲ့လျှင် အေးမြသော တရားအရသာကို ခံစားရအောင် နည်းအမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သဲရေကျဖြစ်ခဲ့ရသည်ချည်းသာ။
     သိင်္ဂါလသည်ကား သူ၏မိဘနှစ်ပါးတို့ကို ဤသို့ပင် ပြန်လည်ချေပ ပြောဆိုလေ့ရှိခဲ့သည် -
    "အမေအဖေတို့ကလည်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော် ဘုရားကျောင်းသွားယင် အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ကုန်မယ်။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်ဆိုတာ ကျွန်တော့်အတွက်တော့ စီးပွါးရေးဖြစ်နိုင်တယ်၊ စီးပွါးရေးလဲဖြစ်တယ်၊ အတော်ကို ခရီးရောက်မယ့် အချိန်ပဲလေ။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်အတွင်း ကြီးပွါးနိုင်တဲ့ စီးပွါးကြီးကိုဗျာ ဘယ့်နှယ် ဘာမဟုတ် ညာမဟုတ် ဘုရားကျောင်းသွားပြီး တောင်လိုလို မြောက်လိုလို၊ တောင်မရောက် မြောက်မရောက်နဲ့ မဖြုန်းတီးချင်ပါဘူး၊ အလဟဿမလုပ်သင့်ဘူးလို့ပဲ ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ အချိန်တိုင်းဟာ ငွေပဲဖြစ်ရမယ်၊ အချိန်တိုင်းဟာ ရွှေပဲဖြစ်ရမယ်"
    "အမေနဲ့အဖေတို့ပဲ စဉ်းစားကြည့်လေ ကျွန်တော်က ဘုရားကျောင်းသွားပြီး ဘုရားနဲ့သံဃာတော်တွေကို ဘာလုပ်ပေးရမှာလဲ၊ ဘာမှလဲ လုပ်ပေးစရာမလိုပါဘူး၊ သူတို့ဆီသွားပြီး ကန်တော့မယ် ရှိခိုးမယ်ဆိုယင် အကျိုးအနေနဲ့ကတော့ ခါးညောင်းမယ်၊ ဒူးညောင်းမယ်၊ နားပူမယ်၊ ဒါပဲလေ။ ပြီးတော့ ကျွန်တော်တို့ကချည်း အောက်မှာထိုင်ရတယ်၊ မြေပေါ်မှာထိုင်ရတယ်၊ သူတို့ကတော့ ကောင်းတဲ့နေရာမှာ သန့်တဲ့နေရာမှာပဲထိုင်တယ်လေ။ ကြည့်လေ ဘယ်မှာ တရားလို့လဲ။ ကျွန်တော့်မှာတော့ အင်္ကျီတွေ ပေကုန်တယ်။ သူတို့မှာတော့ ဖုံမှုန့်လေးတောင် မသမ်းဘူး။ သူတို့ရဲ့ပြောဟောချက်တွေကို လက်အုပ်ချီထားပြီး နားထောင်ပေးရတယ်၊ သူတို့က နားမလည် လည်အောင် ခဏခဏရှင်းပြတယ်၊  နားလည်သွားပြီဆိုပြန်တော့လဲ သူတို့ကို အိမ်မှာဖိတ်ကျွေးရတယ်၊ သူတို့ရဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးရသေးတယ်။ နောက်ဆုံးတော့ သားတို့လို လူပုဂ္ဂိုလ်တွေ မမွဲပဲခံနိုင်ရိုးလား။ ဒါ့ကြောင့် သားတို့နိုင်ငံ မကြီးပွါးတာပေါ့" ဟု ပြန်ပြောတတ်လေသည်။
    သိင်္ဂါလ၏မိဘနှစ်ပါးတို့သည် သားသည်းခြာကို ပြောမရသည့်အဆုံး ဥပေက္ခာတရားဖြင့် လက်လျှော့ထားခဲ့ရသည်။ ကရုဏာမျက်လုံးတို့ဖြင့် စောင့်ကြည့်ခဲ့ကြသည်။ သားသမီးတို့သည် မိဘတို့ ကွယ်လွန်ခါနီး အချိန်ကျမှ မိဘတို့ပြောသောစကားကို မြေ၀ယ်မကျ နားထောင်တတ်ကြသည်ဟု သူ၏မိဘတို့က သဘောပေါက်ထားခဲ့ကြသည်။ ထို့ကြောင့် သေရာညောင်စောင်းဝယ် လဲလျောင်းနေရသော ကွယ်လွန်ခါနီးအချိန်တွင် သားသိင်္ဂါလကိုခေါ်၍ ကရုဏာသက်လျက် မှာတမ်းခြွေခဲ့လေသည် -
     "သားသား ဖေဖေ အခုပြောမယ့်စကားဟာ ဖေဖေရဲ့ နောက်ဆုံးစကားဖြစ်တယ်၊ အဲ့ဒီ နောက်ဆုံးစကားကို သားလေး သေသေချာချာစဉ်းစား ဆုံးဖြတ်ပြီးမှ လက်ခံပါ"
     "ပြောပါ ဖေဖေ၊ ဖေဖေပြောသမျှ သားနားထောင်ပါ့မယ်၊ သား လိုက်နာကျင့်သုံးပါ့မယ် ဖေဖေ"
     "သားလေးရယ် ဖေဖေဖြစ်စေချင်တာကတော့ သားလေးစောစောထ၊ ရေမိုးချိုးပြီး အရပ်ခြောက်မျက်နှာကို ရှိခိုးရမယ်" ဟုပြောပြီး ၀ိညာဏ်ချုပ်သွားခဲ့သည်။
     သားသိင်္ဂါလသည် ကရုဏာရှင် ဖခင်၏ နောက်ဆုံးမှာတမ်းစကားကို အသက်ထက်ဆုံး လိုက်နာဖို့ ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် တစ်နေ့သောအခါ သိင်္ဂါလသည် နံနက်စောစော အိပ်ယာမှထခဲ့သည်၊ ရေမိုးချိုးခဲ့သည်၊ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ခဲ့သည်။ အဖေမှာထားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးနေခဲ့လေသည်။
     ထိုနေ့ကား သိင်္ဂါလနေ့ဟုပင် ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ဉာဏ်တော် ကွန်ယက်အတွင်း၌ သိင်္ဂါလလုလင်သည် ထင်ထင်ရှားရှား ပေါ်လွင်ခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် နံနက်စောစော ရာဇဂြိုဟ်မြို့သို့ ခပ်စောစော ဆွမ်းခံကြွရန် ၀င်တော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့ပြင်တွင် သိင်္ဂါလကို မြင်တော်မူလျှင် မြတ်ဗုဒ္ဓသည် သူရှိခိုးနေသော အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို ဖေါ်ထုတ်ပေးတော်မူခဲ့လေသည်။ ထိုလျို့ဝှက်သင်္ကေတတို့သည် လူ့ဘောင်လောက လူနေမှုစနစ်ကြီး၏ အခြေခံ သဘောတရားကြီးပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏အဋ္ဌကထာ၌ အောက်ပါအတိုင် မှတ်ချက်ပေးခဲ့လေသည် -
     "သိင်္ဂါလသုတ်တော်သည် လူနေမှုစနစ်ကြီး၏ ပြီးပြည့်စုံသော အခြေခံသဘောတရားဖြစ်သည်။ ထို့ကြောင့် ဤသိင်္ဂါလသုတ်တော်ကို လူ့ဝိနည်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ မည်သူမဆို ဤလူနေမှုစနစ်အတိုင်း လိုက်နာကျင့်သုံးပါလျှင် ထိုသူ၏မိသားစုမှစ၍ သူနေထိုင်ရာပတ်ဝန်းကျင်၊ သူ၏ရပ်ကွက်၊ သူ၏မြို့ရွာ၊ သူ၏နိုင်ငံ မြေလက်ခတ်မလွဲ ကြီးပွါးတိုးတက် ချမ်းသာကြ မည်ဖြစ်သည်"
     ထို့အပြင် ပိဋကတ်ဘာသာပြန်ဆိုရေးအဖွဲ့ (P.T.S.) မှ Mrs. Rhys Davids ကလည်း ဤသိင်္ဂါလသုတ်တော်ကို အောက်ပါအတိုင်း  မှတ်ချက်ရေးထိုးခဲ့လေသည် -
"The Buddha's doctrine of love and goodwill between man and man is here set forth in a domestic and social ethics with more comprehensive detail than elsewhere. And truly we may say even now of this Vinaya or code of discipline, so fundamental are the human interests involved, so sane and wide is the wisdom that envisages them, that the utterances are as fresh and practically as binding today and here as they were then at Rajagaha. 'Happy would have been the village or clan on the banks of the Ganges where the people were full of the kindly spirit of fellow-feeling, the noble spirit of justice which breathes through these naive and simple sayings.' Not less happy would be the village, or the family on the banks of the Thames today, of which this could be said."
     ဤမျှကောင်းမွန်သော လူနေမှုစနစ်ကြီး၏ အခြေခံသဘောတရားကြီးကို (တစ်နည်းအားဖြင့် လူကျင့်ဝတ် လူ့ဝိနည်း) ကို အောက်ပါအတိုင် သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားဖွယ် လင်္ကာများရေးလျက် သီကုံးတော်မူခဲ့လေသည်-
အရှေ့ မိဘ၊ တောင်မှ ဆရာ
နောက်မှာ သားမယား၊ မြောက်ကား မိတ်ဆွေ
အောက်ခြေ ကျေးကျွန်၊ ထက်မွန်ရပ်ဖျား ရဟန်းများ
ခြောက်ပါးရပ်မျက်နှာ-
ဟူ၍ အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို စပ်ဆိုခဲ့လေသည်။ ထို့အပြင် အရပ်မျက်နှာ တစ်ခုစီ၏ အသေးစိပ်များကိုလည်း လင်္ကာစပ်လျက် အောက်ပါအတိုင်း သီကုံးတော်မူခဲ့လေသည်။
The parents should be looked upon as the East, teachers as the South, wife and children as the West, friends and associates as the North, servants and employees as the Nadir, ascetics and brahmins as the Zenith.
သားသမီးကျင့်ဝတ် ငါးပါး (A Child’s Duties)
(၁) မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း။
      Having supported me I shall support them,
(၂) မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိကပင်ဆောင်ရွက် စီမံခြင်း။
      I shall do their duties,
(၃) အမျိုးအနွယ်မတိမ်ကောမပျက်စီးအောင် စောင့်စည်း ထိန်းသိမ်းခြင်း။
      I shall keep the family tradition,
(၄) မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
      I shall make myself worthy of my inheritance,
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
      Furthermore I shall offer alms in honour of my departed relatives.
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် ငါးပါး (Parents’ Duties)
(၁) မကောင်းမှုမှ တားမြစ်ခြင်း။
      They restrain them from evil.
(၂) ကောင်းမှုပြုအောင် တိုက်တွန်းခြင်း၊ သားသမီးကို ငယ်စဉ်ကပင် ဘုရားသွားကျောင်းတက် ခေါ်ဆောင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်စေရန် ညွှန်ကြားပေးခြင်း၊ ဘုရားရှိခိုးစာ၊ ဆုံးမစာသံပေါက်များ ကဗျာများ ကျက်မှတ်ရွတ်ဖတ်စေခြင်း၊ ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့ စသော အတုယူဖွယ်ပုံဝတ္ထုများ ပြောကြားခြင်းဖြင့် လိမ္မာယဉ်ကျေးအောင် ငယ်စဉ်ကပင် ပြုပြင်တိုက်တွန်းခြင်း။
      They encourage them to do good.
(၃) အတတ်ပညာသင်ကြားပေးခြင်း။
      They train them for a profession.
(၄) လျောက်ပတ်သောအချိန်၌ အမွေဥစ္စာအပ်နှင်းခြင်း။
      At the proper time they hand over their inheritance to them.
(၅) လျောက်ပတ်သောအချိန်အရွယ်၌ ထိမ်းမြားပေးခြင်း။
      They arrange a suitable marriage.
မကောင်းမြစ်တာ ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်
ဖခင်မယ်တို့တာ
တပည့်ကျင့်ဝတ် ငါးပါး (A Pupil’s Duties)
(၁) နေရာမှထ၍ ရိုသေစွာ ခရီးဦးကြိုဆိုခြင်း။
      By rising from the seat in salutation,
(၂) ဆရာထံပါးချဉ်းကပ်ခြင်း၊ ဆရာ့အား ကြောက်၍ ရှောင်ဖယ်မနေပဲ ဆရာ့ထံမှ ဆုံးမသြ၀ါဒ ရယူရန် အတတ်ပညာရယူရန် ချဉ်းကပ်ရမည်။
      By attending on him,
(၃) လေးစားစွာ နာယူခြင်း၊ ဆရာ၏ ဆုံးမသြ၀ါဒလမ်းညွှန်ချက်များကို ရိုသေလေးစားစွာ နားစိုက်ထောင်ခြင်း နာယူမှတ်သားခြင်း။
      By eagerness to learn,
(၄) ဆရာ့ကို တရိုတသေ ပြုစုလုပ်ကျွေးခြင်း။
      By personal service,
(၅) အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထား ရိုသေစွာ သင်ကြားလေ့ကျက်ခြင်း။
      By respectful attention while receiving instructions.
ညီညာထကြွ ဆုံးမနာယူ
လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် တပည့်ဝတ်
မချွတ်ငါးခုသာ
ဆရာ့ကျင့်ဝတ် ငါးပါး (A Teacher’s Duties)
(၁) အတတ်ပညာကိုသင်ကြားပေးခြင်း၊ နှုတ်မှုပညာ လက်မှုပညာ စက်မှုပညာ သင်ကြားပေးခြင်း။
      They train them in the best discipline,
(၂) ဆုံးမပဲ့ပြင်ခြင်း၊ အပြောအဆိုအနေအထိုင် ယဉ်ကျေးသိမ်မွေ့အောင် မကောင်းမှုဒုစရိုက် မပြုအောင် သွန်သင်ဆုံးမခြင်း။
      They see that they grasp their lessons well,
(၃) ဆရာစားမချန်ခြင်း၊ အတတ်ပညာကို ဆရာစားမချန်ပဲ အကုန်အစင် သင်ကြားပေးခြင်း။
      They instruct them in the arts and sciences,
(၄) ဘေးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ မိမိတပည့်အပေါ် ကျရောက်မည့် ဘေးအန္တရာယ်ကို အကာ အကွယ်ပေးခြင်း။
      They provide for their safety in every quarter.
(၅) ကောင်းမွန်သော အဆွေခင်ပွန်းတို့ထံ၌ ဆက်သွယ်အပ်နှံ၍ တိုးတက်စေခြင်း။
      They introduce them to their friends and associates.
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
လင့်ကျင့်ဝတ် ငါးပါး (A Husband’s Duties)
(၁) မြတ်နိုးကြင်နာမှုရှိခြင်း။
      By being courteous to her
(၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
      By not despising her,
(၃) မယားငယ်အနှောင်းမထားခြင်း။
      By being faithful to her,
(၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
      By handing over authority to her,
(၅) အ၀တ်တန်ဆာပေးခြင်း။
      By providing her with adornments.
မထေမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။
မယားကျင့်ဝတ် ငါးပါး (A Wife’s Duties)
(၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။
      She performs her duties well,
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
      She is hospitable to relations and attendants
(၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
      She is faithful,
(၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
      She protects what he brings,
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။
      She is skilled and industrious in discharging her duties.
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။
မိတ်ဆွေကျင့်ဝတ် ငါးပါး (A Friend’s Duties)
(၁) ပေးကမ်းချီးမြှင့်ခြင်း။
      By liberality (charity),
(၂) တန်းတူရည်တူ ဆက်ဆံခြင်း။
      By being impartial,
(၃) အကျိုးစီးပွါး ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
      By being helpful,
(၄) ယဉ်ကျေးချိုသာ ချစ်ဖွယ်သောစကားကို ဆိုခြင်း။
      By courteous speech,
(၅) မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
      By sincerity.
ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။
တုံ့လှည့်မိတ်ဆွေကျင့်ဝတ် ငါးပါး (Friends’ Duties in turn)
(၁) မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
      They protect him when he is heedless,
(၂) မိတ်ဆွေ၏ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်ခြင်း။
      They protect his property when he is heedless,
(၃) ကြောက်လန့်ဖွယ်ရှိသောအခါ အားထားမှီခိုရာဖြစ်ခြင်း။
      They become a refuge when he is in danger,
(၄) ဘေးအန္တရာယ်နှင့်တွေ့ကြုံသောအခါ စွန့်ပစ်မသွားဘဲ အေးအတူပူအမျှ အတူတကွ ရပ်တည်ခြင်း။
      They do not forsake him in his troubles,
(၅) မိတ်ဆွေ၏ သားမြေးမြစ်အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။
      They show consideration for his family.
မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက်
လန့်ကြောက်မှီရာ ဘေးလာမပြစ်
သားမြစ်စဉ်ဆက် မပျက်ပူဇေ
ဝတ်ငါးထွေ မိတ်ဆွေပြန်ကျင့်ရာ။
အလုပ်ရှင် (ပိုင်ရှင်) ကျင့်ဝတ် ငါးပါး (A Boss’s Duties)
(၁) သူတို့၏ကျွမ်းကျင်မှုအားလျှော်စွာ အလုပ်ကို ခိုင်းတတ်ရခြင်း၊
      By assigning them work according to their ability,
(၂) လုံလောက်သော လစာရိက္ခာကို ပေးကမ်းထောက်ပံ့ရခြင်း၊
      By supplying them with food and with wages,
(၃) ဖျားနာသောအခါ ဆေးဝါးတို့ဖြင့် ကုသပေးရခြင်း၊
      By tending them in sickness,
(၄) အမြတ်အစွန်းရလာလျှင် အလုပ်သမားများအား စနစ်တကျဝေးငှပေးရခြင်း၊
      By sharing with them any delicacies,
(၅) အချိန်ကာလအားလျှော်စွာ ခွင့်ရက်များပေးရခြင်း။
      By granting them leave at times.
        နာလျှင်ကုစေ၊ ငှဝေရသာ
        အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ် ငါးခုသာ။
အလုပ်သမား (၀န်ထမ်း) ကျင့်ဝတ် ငါးပါး (A Staff’s Duties)
(၁) အလုပ်ရှင်မထမီ စောစီးစွာထရခြင်း၊
      They rise before him,
(၂) အလုပ်ရှင်နောက်မှ အိပ်ရခြင်း၊
      They go to sleep after him,
(၃) ပေးသောပစ္စည်းကိုသာ ယူရခြင်း၊
      They take only what is given,
(၄) မိမိအလုပ်ကို တာဝန်ကျေရခြင်း၊
      They perform their duties well,
(၅) မိမိအလုပ်ရှင်၏ဂုဏ်အသရေကို မငြိုးနွမ်းစေရခြင်း။
      They uphold his good name and fame.
        အိပ်သော်နောက်ကျ၊ ထသော်ကားရှေး
        ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
        ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။
ဒါယကာကျင့်ဝတ် ငါးပါး (A Devotee’s Duties)
(၁) မေတ္တာစိတ်ထား၍ ဆောင်ရွက်ပေးခြင်း၊
      By lovable deeds,
(၂) မေတ္တာစိတ်ထား၍ ပြောဆိုလျှောက်ထားခြင်း၊
      By lovable words,
(၃) မေတ္တာစိတ်ထား၍ တွေးခေါ်ကြံစည်ခြင်း၊
      By lovable thoughts,
(၄) ပစ္စည်းလေးပါးဖြင့် ဖိတ်မာန်ခြင်း၊
      By keeping open house to them,
(၅) မိမိတတ်စွမ်းသလောက် ထောက်ပံ့လှူဒါန်းခြင်း။
      By supplying their material needs.
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ၀တ်ငါးထွေ
ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ် ခြောက်ပါး (Monks' Duties)
(၁) မကောင်းသော အကုသိုလ်အလုပ်များ မလုပ်ဖြစ်အောင် တားမြစ်ပေးခြင်း၊
      They restrain him from evil,
(၂) ကောင်းသော ကုသိုလ်အလုပ်များ ပြုလုပ်ဖြစ်အောင် တိုက်တွန်းပေးခြင်း၊
      They persuade him to do good,
(၃) နှလုံးသားဝယ် မေတ္တာစိတ်များဖြင့် လွှမ်းထုံထားခြင်း၊
      They love him with a kind heart,
(၄) မကြားဘူး မနာဘူးသေးသော တရားများကို ဟောပြောပေးရခြင်း၊
      They make him hear what he has not heard,
(၅) ကြားဘူးပြီး နာဘူးပြီးသော တရားများကို ထပ်မံ၍ ရှင်းလင်းပြသပေးရခြင်း၊
      They clarify what he has already heard,
(၆) နတ်ပြည် နိဗ္ဗာန်တိုင်သို့ရောက်အောင် လမ်းဆောင်ညွှန်ပြပေးရခြင်း။
      They point out the path to a heavenly state.
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။
     ဤသို့သောအားဖြင့် ရဟန်းပညာရှိ လူပညာရှိ သူတော်စင်အပေါင်းတို့က အဖက်ဖက်မှ ချီးမွမ်းတော်မူကြသော ဤသိင်္ဂါလသုတ်တော်ကြီးကို နာယူမှတ်သား လေ့လာသင့်ကြပေသည်။ ယခုတင်ပြအပ်ပြီးသော အချက်အလက်များသည် သိင်္ဂါလသုတ်တော်ကြီးထဲမှ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါသဖြင့်  ယခုစာရှုသူအပေါင်းတို့အား ဤသိင်္ဂါလသုတ်တော်ကြီးကို အပြီးသို့တိုင် ကုန်စင်အောင် လေ့လာကြရန် အထူးတိုက်တွန်းအပ်ပါသည်။ သို့မှသာ မိမိဘ၀အတွက်၊ မိမိ၏မိသားစု၊ မိမိ၏ဆွေမျိုးမိတ်ဆွေ၊ မိမိနေထိုင်ရာရပ်ကွက်၊ မိမိ၏မြို့ရွာဒေသ၊ မိမိ၏တိုင်းပြည် ကြီးပွါးရေးအတွက် စနစ်ကျသော လူနေမှု၊ လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်သောအားဖြင့်  မိမိသူတစ်ပါး နှစ်ဦးသားတို့မှစ၍ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး စိတ်ချမ်းသာ၍ ကြီးပွါးတိုးတက်ကြမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။
(သီတဂူ ဆိုက်မှကူယူဖော်ပြပါသည်)
Thursday, October 27, 2011
မျက်စိရေတိမ် ရောဂါ (Glaucoma)
မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်းမှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့်ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့်ဖြစ်ပါတယ်...
မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ ရှိပါတယ်.. ရေဖိအား နည်းရင် မျက်လုံး ပျော့သွားပြီး ရေဖိအား များလာ ရင် မျက်လုံး မာကျော လာ ပါတယ်.. မျက်လုံး တွင်း အရည် (Aqueous Humor) များကို မျက်ဝန်း (Iris) အနောက်ဖက် နဲ့ မျက်စိ မှန်ဘီလူး (Lens) ဘေးရှိ စီလီယာရီ ဘော်ဒီ (Ciliary body) များက ထုတ်လုပ် ပေးပါတယ်... အဲဒီကနေ သူငယ်အိမ် (Pupil) ကို ဖြတ်ကာ မျက်စိ ရှေ့ပိုင်း ရှိ အစိတ် အပိုင်းများ အာဟာရ အတွက် ဖြည့်ဆည်း ပေးပြီး မျက်ကြည်လွှာ (Cornea) နဲ့ မျက်ဝန်းကြားထောင့် လမ်းကြောင်း (Trabecular Mechwork) မှတစ်ဆင့် စီးဆင်း ထွက် သွားပါတယ်.. အကြောင်း အမျိုးမျိုးကြောင့် လမ်းကြောင်း ပိတ်သွား ခြင်း၊ ဒါမှမဟုတ် အရည်ထုတ်လုပ် မှုများ ခြင်းတို့ ကြောင့် မျက်လုံး တွင်း ရေဖိအား မြင့်တက်လာပြီး ရေတိမ် ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်... မည်သည့် အတွက် ကြောင့် ရေတိမ်ရောဂါ ဖြစ်ရသည် ကိုမူ ယခုထိ ရှင်းရှင်း လင်းလင်း မသိ ရသေးပါ.. ဒါပေမယ့် မျိုးရိုး လိုက်ပြီး ဖြစ်တတ် ကြောင်း၊ အနောက် နိုင်ငံ များတွင် လူမည်း များ၌ အဖြစ်များကြောင်း တွေ့ရှိ ရပါတယ်...
ရေတိမ် ရောဂါ အဓိက အားဖြင့် နှစ်မျိုး ရှိပါတယ်...
1. ထောင့်ကျယ် ရေတိမ် (Open-Angle Glaucoma)
2. ထောင့်ကျဉ်း ရေတိမ် (Closed-Angle Glaucoma) တို့ ဖြစ်ပါတယ်...
ထောင့်ကျယ် ရေတိမ် ဟာ အဖြစ် များဆုံး အမျိုး အစား ဖြစ်ပြီး ဖြစ်စမှာ လက္ခဏာ မပြသဘဲ အချိန် အတော် ကြာမှသာ လက္ခဏာ များ ပြလာ ပါတယ်... အရည် စီးထွက်ရာ လမ်းကြောင်း ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် ရပြီး မျက်စိ မှုန်ဝါး လာခြင်း၊ အမြင် အာရုံ ကျဉ်းမြောင်း လာခြင်း စတဲ့ လက္ခဏာ များ ပြသ လာပါတယ်... ထောင့်ကျဉ်း ရေတိမ် ကတော့ ရုတ်တရက် လက္ခဏာ များ ဖြစ်ပေါ် လာတတ် ပြီး မျက်လုံး နီရဲ လာခြင်း၊ မျက်စိ ကိုက်လာခြင်း၊ ခေါင်းကိုက် ပျို့အန် တတ်ခြင်း၊ အမြင် မှုန်ဝါး ပြီး အလင်းရောင် ကြည့်တဲ့အခါ ဘေးမှာ အလင်း ကွင်း (Halo) များ မြင်ရ ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်...
ထောင့်ကျဉ်း ရေတိမ် ဟာ မျက်ဝန်း နဲ့ အရည် စီးထွက် ရာလမ်း ကြောင်း တို့ ထိကပ် ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်.. အဆိုပါ ရေတိမ် ရောဂါ များကို အချိန်မီကုသမှု မခံယူ ပါက ရေဖိအား များသည့် ဒဏ်ကြောင့် မြင်လွှာ (Retina) ရှိ အမြင် အာရုံကြော (Optic Nerve) ထိခိုက် ချိုင့်ဝင် သွားပြီး လုံးဝ မျက်လုံး ကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ် စေပါတယ်..
မျက်စိ ရေတိမ် ရှိမရှိ စမ်းသပ် ရန် မျက်စိ အထူးကု ဆရာဝန် မှသာ စစ်ဆေး ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်.. မျက်လုံးတွင်း ရေဖိအား တိုင်း ကိရိယာ (Tonometry) ဖြင့် တိုင်းတာခြင်း၊ မျက်စိ စစ်ဆေး ကိရိယာ (Ophthalmoscope) ဖြင့် အမြင် အာရုံကြော အခြေ အနေ၊ မျက်လုံး တွင်း အခြေ အနေ များကို စစ်ဆေးခြင်း၊ မြင်ကွင်း စစ်ဆေးခြင်း (Visual Field Testing) တို့ဖြင့် ပြလုပ် ကာ ရေတိမ် ရှိမရှိ စစ်ဆေးနိုင်ပါတယ်...
ကုသမှု အနေ ဖြင့် သောက်ဆေး၊ မျက်စဉ်း ခပ်ဆေး၊ ခွဲစိတ် ကုသ ခြင်းနည်း တို့ဖြင့်ပြုလုပ် နိုင်ပါတယ်.. Beta blockers (timolol, levobunolol, metipramolol) စသည့် မျက်စဉ်း ဆေး များမှာ စီလီ ယာရီ ဘော်ဒီ မှ အရည် ထုတ်လုပ် မှုကို လျှော့ချပေးပြီး မျက်လုံးတွင်း ရေဖိ အား လျော့ကျ စေပါတယ်.. Adrenergic agonists (Beta2 agonists) အုပ်စု ဆေးများ ဖြစ်တဲ့ (Brimonidine, Apraclonidine, Dipivefrin)ကတော့ အရည် ထုတ်လုပ် မှု ကျဆင်း စေတဲ့ အပြင် အရည် စီးထွက် မှုကို လည်း ဖြစ်ပေါ်စေပါတယ်.. Prostaglandin analogs (Latanoprost, Travoprost, Brimatoprost) မျက်စဉ်းဆေးများကတော့ အရည် စီးထွက်မှုကို ဖြစ်စေတဲ့ ဆေးများ ဖြစ်ပါတယ်..
Carbonic Anhydrase Inhibitors (Acetazolamide, Methazolamide) သောက် ဆေးများကတော့ အရည် ထုတ်လုပ် မှုကို လျော့ကျ စေပါတယ်.. Parasympathomimetics (Pilocarpine, Echothiophate) စတဲ့ မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက်မှုကို ဖြစ်စေ ပြီး မျက်စိ သူငယ် အိမ်ကို လည်း ကျဉ်းစေလို့ အရင်က တွင်တွင် ကျယ်ကျယ်သုံးပေမယ့် အခုတော့ အသုံး နည်းလာ ပါတယ်.. ၎င်း မျက်စဉ်း ဟာ တစ်နေ့ ၃-၄ ကြိမ် ခပ်ပေး ရခြင်း ဘေးထွက် ဆိုးကျိုးများတာ ကြောင့် အသုံးနည်းလာ ရတာ ဖြစ်ပါတယ်..
ခွဲစိတ် ကုသ မှု အနေ ဖြင့် ရိုးရိုး ခွဲစိတ် ခြင်း (Trabeculectomy, Viscocanalostomy)၊ လေဆာ ရောင်ခြည် ဖြင့် ခွဲစိတ် နည်းများ (Laser Iridotomy, Laser Trabeculoplasty, Laser Cilioablation) တို့ဖြင့် အရည် စီးထွက်မှု ပွင့်အောင် ပြုလုပ်နိုင်ပါတယ်.. ဒါ့ကြောင့် မျက်စိ ရေတိမ် ရောဂါ ကို ပေါ့ပေါ့တန်တန် မထား သင့်ပဲ ဂရုစိုက် နေထိုင် ခြင်း၊ မျက်စိ မှုန်ဝါး လာပါက မျက်မှန်လုပ်ရန် အတွက် တစ်ခု တည်းကိုသာ အာရုံ မထားဘဲ တတ်ကျွမ်းသော မျက်စိ အထူးကုဆရာဝန် နဲ့ စနစ်တကျ စစ်ဆေး ကုသမှု ခံယူ သင့်ပါ ကြောင်း သတိ ပေးရေး သား လိုက်ရပါတယ်.. အားလုံး မျက်စိ ရောဂါ နဲ့ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...
သီတဂူဆိုက်မှ ကူယူဖော်ပြပါသည်။
ကျန်းမာရေး သော့ချက်များ
ကျန်းမာရေး သော့ချက်များ
(အင်တာနက်)
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
  သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
  သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။
သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
  သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။
သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
  သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။
သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
  သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။
သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊
အရွယ်တင် နုပျိုစေ၏။
 သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။
ပျင်းကြောဆန့်ခြင်း
ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။
စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။
သောက်သုံးရန်မသင့်သော ရေ(၅)မျိုး
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်
၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
သစ်သီးများ အလွန်အကျွံမစားသင့်ပေ
ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။
အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
 Crataegus (山楂 (shanzha))
ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။
ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ
အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။
(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂) ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။
လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။
ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
အကောင်းဆုံး ရေသောက်ချိန်
ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။
သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။
မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်
"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။
အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။
စပျစ်ဝိုင်၏ အသုံးဝင်ပုံ
(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။
(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။
(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။
(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
လက်ဖက်ခြောက်
လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
ချိန်ညှိ၍ မရသော အဖြေသိ ပညာရေး ပုစ္ဆာတစ်ပုဒ် (သို့) ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ ပေါလာခြင်း၏ နောက်ဝယ်
ယနေ့ခေတ် အစိုးရ စာသင်ကျောင်းများရဲ့ အထက်တန်းအဆင့် စာသင်ခန်း (အထူးသဖြင့် တက္ကသိုလ်ဝင်တန်း) များဟာ ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းလို့ အမည်ပေးထားတဲ့ ဘော်ဒါများရဲ့ စားကျက်လုကွင်းများ ဖြစ်လာနေပါတယ်။  အစိုးရကျောင်းများရဲ့ ဖေဖော်ဝါရီလ ဒုတိယ နှစ်ဝက် စာမေးပွဲတောင် မပြီးသေးဘူး။ ဘော်ဒါတွေ မဲဆွယ်လုပ်ငန်း စနေပါပြီ။ ဘော်ဒါထွက် ကျောင်းသားဟောင်းများမှ တစ်ဆင့်၊ ကျောင်းသား မိဘများမှ တစ်ဆင့်၊ ပွဲစား အမျိုးမျိုးကနေ တစ်ဆင့်၊ မက်လုံး၊ ဆွယ်လုံး၊ ကြွားလုံးတွေ လွှင့်နေကြပါပြီ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေပြီးလို့ ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့ လက်ထဲမှာ ဘော်ဒါ ကြော်ငြာ စာရွက်စာတမ်းတွေ ပလူပျံပြီး ပါလာကြပါတယ်။
 လမ်းဆုံ၊ လမ်းခွ၊ ခြံစည်းရိုး၊ အုတ်နံရံ၊ လမ်းဘေးဈေးဆိုင် မကျန် သစ်ပင်များက အစ ဒဏ်ခံကြရတဲ့ ကြော်ငြာတကာ့ ကြော်ငြာကြားမှာ ဘော်ဒါဟောင်း၊ ဘော်ဒါ အသစ်များရဲ့ ကြော်ငြာဆိုင်းဘုတ် အကြီးအသေး ဆိုက်စုံ၊ အသွေးစုံ အရောင်စုံခြယ်လို့ ဟိတ်ဟန်ကြီးမား ဝင့်ထည်လှစွာ နေရာတကာ နေရာယူလာတာ တစ်နှစ်ထက် တစ်နှစ် အပြိုင်အဆိုင်ပါပဲ။ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံလောက် ဘော်ဒါ ကြော်ငြာပေါတဲ့ နိုင်ငံ မရှိလောက်ဘူးလို့ ဘယ်နိုင်ငံမှ မရောက်ဖူးပေမယ့် တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နိုင်ငံခြားသားတွေ လာရောက်ကြတဲ့အခါ နိုင်ငံရဲ့ ပညာရေးဟာ ဘယ်လောက် အဆင့်ရှိတယ် ဆိုတာ လမ်းဘေး ဘော်ဒါကြော်ငြာတွေ မြင်ရုံနဲ့ သိနိုင်မယ် ထင်ပါတယ်။
 နိုင်ငံ တစ်နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပေးမယ့် ပညာရေးဟာ ဆိုင်းဘုတ်၊ ပိုစတာ၊ ဂျာနယ်၊ လက်ကမ်းစာစောင် အမျိုးမျိုးနဲ့ ကြော်ငြာအား ကောင်းကောင်းသုံးပြီး ကျောင်းသားတွေကို ဘော်ဒါ စာသင်ခန်းတွေမှာ ဘယ်လို သင်ရိုး မာတိကာ၊ ဘာသင်နည်း မှတ်စု၊ ဘယ်လို သင်ကြားနည်း၊ ဘယ်လို သင်နည်းထောက်ကူတွေများ သုံးပြီး သင်နေတာများပါလဲ။ ကောင်းလိုက်တဲ့ အောင်ချက်၊ တိုးလာတဲ့ ဘော်ဒါဦးရေ ဈေးကွက်စီးပွားရေးကနေ ဈေးကွက်ပညာရေး ပြောင်းသလား အောက်မေ့မိပါတယ်။ မြို့နဲ့ဝေးတဲ့ ရွာကျောင်းတွေမှာ ဘော်ဒါရောဂါ ဝင်ရောက်မှု နည်းပေမယ့် မြို့နဲ့နီးတဲ့ ရွာတွေမှာရော၊ စီးပွားရေး အတော်အတန် ကောင်းတဲ့ ရွာတွေမှာပါ အထက်တန်း ကျောင်းသား အားလုံးနီးပါး ဘော်ဒါ ရောက်ကုန်ပါတယ်။ အကြောင်းအမျိုးမျိုး ပြပြီး ဘော်ဒါနဲ့ နီးတဲ့ မြို့ကျောင်းတွေကို ကျောင်းပြောင်းဖို့ ကျောင်းထွက်လက်မှတ် လာယူကြပါတယ်။ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါလို့ စဉ်းစားရင်းနဲ့ ပြောင်းမယ့် လူစာရင်း ယူပါတယ်။ ကျောင်းဖွင့်လို့ ကျောင်းသားတွေ မြို့ဘော်ဒါကနေ သုံးဘီး ဆိုင်ကယ်လေးတွေနဲ့ တန်းစီးပြီး ကျောင်းလာတက်ကြပါတယ်။ သုံးဘီး တက်စီလေးတွေမှာ ဘော်ဒါ ပေါင်းစုံရဲ့ Vinyl ကြော်ငြာမျိုးစုံ အခန့်သားနဲ့ ကျောင်းဝင်းထဲမှာ အပြိုင်အဆိုင်ပေါ့။
 ဘော်ဒါနား မသီနိုင်တဲ့ ဆင်းရဲသား ကျောင်းသား အနည်းစုမှာတော့ အားကျမှုများနဲ့ ငေးကြည့်နေကြတယ်။ ဘော်ဒါရောက်တော့ အလှပြင်တာ၊ ဝတ်စားဆင်ယင်တာ၊ ရှိုးထုတ်တာတွေ ပြိုင်တတ်လာတယ်။ ဆရာ့သြဇာ နာခံမှု နည်းလာတယ်။ ကျောင်းက ဆရာ စာသင်စဉ်မှာ မကိုင်ချင့် ကိုင်ချင် ကိုင်ရတဲ့ Text Book များဟာ စာမေးပွဲ ဖြေချိန် စာသင်ခန်း ရှင်းရင် ဘာသာရပ်အလိုက် ပုံနေတာနဲ့ သိမ်းယူသွားပြီး ကြော်ငြာပါတယ်။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ လာယူကြလို့ တော်ရုံနဲ့ လာမယူကြပါဘူး။ “သယ်ရတောင် သက်သာသေး” တဲ့။ Text Book နဲ့ သင်နည်းဟာ Out နေပြီတဲ့။ Text Book ဟာ သာသာရပ်တိုင်းရဲ့ “စံ” မဟုတ်ပါလား။ “အမှတ်ပေး စည်းမျဉ်းမှာ သဘောကွဲလွဲပါက Text Book အတိုင်း ယူရမယ်” လို့ စာစစ်ဥပဒေ ရှိတယ်လို့ နားလည်ထားတာ ပြောင်းပြန် ဖြစ်ကုန်ပြီလား။ အဆင်သင့် ရှိပြီးသား Notes လေးတွေ ထုတ်ပြီး ထိုင်နေကြတယ်။ လိုက်မှတ်၊ လိုက်ကူး၊ လိုက်ရေး၊ လိုက်နားထောင်ရမယ့် ကျောင်းသား အလုပ်ကို လက်ကြောတင်း မလုပ်ချင်တဲ့ ရောဂါရလာတဲ့ အပြင် အရာရာကို ကိုယ်ပိုင် အစွမ်းအစ ထုတ်ပြီး ကြိုးစားလိုစိတ် အားနည်းလာတယ်။ ဆရာတွေ အပေါ်မှာ လေးစား အထင်ကြီးမှု၊ ဆရာ သင်ကြား ပြသမှုကို ခံယူလေ့လာတတ်မှု၊ ဆရာများရဲ့ ဆိုဆုံးမစကားကို ဘော်ဒါ ဆရာကို သဘောထားသလို ပေါ့ပျက်ပျက် သဘောထားမှုတွေ အများစု ဖြစ်လာပြီ။ ဒါတွေဟာ ကျောင်းနဲ့ ဆရာတွေရဲ့ စေတနာ၊ မေတ္တာကို အသိအမှတ်ပြုမှု အားနည်းလာခြင်း၊ ယုံကြည်ကိုးစားမှု နည်းလာခြင်းကို ပြပါတယ်။
 နောက်တစ်ဆင့် လတိုင်း အခန်းဆုံး စာမေးပွဲများ စစ်မေးချိန်၊ Pretest များ စစ်မေးချိန်၊ ဘော်ဒါ အများစုမှာ ကျောင်းက စစ်မေးမယ့် ဘာသာရပ်အတွက် စာကျက်ချိန် မပေးလို့ မကျက်လိုက်ရဘူး ဆိုပြီး စာဖြေချိန် သုံးနာရီမှာ ငုတ်တုတ်ထိုင်နေကြပါတယ်။ အိပ်နေတာတောင် ရှိပါတယ်။ ပေါက်ကရ ဖြစ်ကတတ်ဆန်း ဖြေပါတယ်။ အဲဒီ ဘာသာ အကျများတော့ ရာနှုန်း မပြည့်လို့ဆိုပြီး ဘာသာရပ်ဆိုင်ရာ ဆရာက အမြဲ ထုချေလွှာ တင်နေရပါတယ်။ ဝန်ခံလက်မှတ် ထိုးနေကြရပါတယ်။ ဒါဟာ ကျောင်းကို မထေမဲ့မြင် သဘောထားတတ်လာတာပါပဲ။
 ကျောင်းစာသင်ခန်း အတွင်းမှာ ဘော်ဒါ နေနိုင်သူ အုပ်စု၊ မနေသူ အုပ်စု ထမင်းစားတာက အစ ကွဲကုန်ပါတယ်။ ကျောင်းလုပ်ငန်းတွေ ခိုင်းရင်လည်း အုပ်စု ကွဲကုန်ပါတယ်။ ကျောင်းက Special Class တွေ၊ Night Study တွေ သင်ထားတဲ့ အုပ်စုနဲ့ အချိန်မကိုက်လို့ ဘာမှ မတတ်ရတဲ့ ဘော်ဒါ အုပ်စုကွဲပြီး စာသင်ရတာ အခက်အခဲ ရှိလာပါတယ်။ ဘော်ဒါ အချင်းချင်းတောင် မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်လာပါတယ်။ စာမေးပွဲ အောင်သွားတာတောင်မှ ဘော်ဒါကောင်းတွေမှာ နေခဲ့ရလို့၊ ဘော်ဒါ ဆရာတွေ အသင်အပြ ကောင်းခဲ့လို့နဲ့ ကျောင်းသားတွေရော မိဘတွေပါ တသသ ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ ငွေအသပြာနဲ့ ဝယ်ရတဲ့ ပညာကမှ ပိုတန်ဖိုးထားတတ်လာတာပေါ့။ အစိုးရကျောင်းတွေမှာ သူငယ်တန်းကနေ နဝမတန်းအထိ သင်ပေးလိုက်တဲ့ အခြေခံကို ယူပြီး ဘော်ဒါများဟာ တက္ကသိုလ်ဝင်တန်းမှာ အမြိုင့်သား နာမည်ကောင်းယူ စီးပွားရှာနေကြပါတယ်။ အဌမတန်းမှာ သင်ကြားဆဲ မဟော်သဓာ ဇာတ်တော်ကြီးရဲ့ သားတရား စီရင်ခန်းကို တွေးမိပါတယ်။ ဘီလူးမနှင့် မိခင် အရင်းတို့၏ သားလုပွဲ တရားစီရင်ခန်းမှာလိုပဲ ကိုယ်မွေးထားတဲ့ သားသမီး အရင်းရဲ့ ပညာရေး တိုးတက်မှု အတွက် ကိုယ့်ကျောင်း နာမည်ကောင်း ရရေးကို ဆုံးရှုံးခံပြီး ဘော်ဒါများ နာမည်ကောင်း ရရေးအတွက် ကျောင်းသားများ မွေးထုတ်ပေးနေရပြီ ဖြစ်ပါတယ်။
ဘော်ဒါတွေဟာ သားငယ်၏ အသွေးအသားနဲ့ တူလှတဲ့ အသပြာကို မက်မောလှစွာနဲ့ စာသင်ခန်းများ အတွင်း ကျောင်းသား လုပွဲများ အပြိုင် နွှဲနေကြပါတယ်။ နိုင်ငံတော်ရဲ့ အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ဝင်တန်း စာသင်ခန်းများ အတွင်း ပုံရိပ် တစ်ခွန်း တစ်စွန်းတစ်စကို ဖော်ပြလိုက်ခြင်းမျှသာ ဖြစ်ပါတယ်။ မျက်စိစုံမှိတ်ပြီး ဒီစနစ် မကောင်းဘူး ရမ်းသန်းနေခြင်း မဟုတ်ပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို မည်သည့်ဘက် အားသာနေကြောင်း မီးမောင်း ထိုးပြခြင်းမျှသာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ပညာရေး စနစ်ရဲ့ လိုအပ်ချက်အရ ဘော်ဒါပညာရေး ပေါ်ပေါက်လာတာကို လက်ခံပါတယ်။ အတိုင်းအတာကို လွန်ကဲစွာ ထိုးဖောက် နေရာယူလာနေကြောင်းကို ဆိုလိုပါတယ်။ ပုံပြင် တစ်ပုဒ် ကြားဖူးခဲ့ပါတယ်။ အိမ်ရှင် တစ်ယောက်ရဲ့ အိမ်အတွင်းသို့ ကုလားအုပ် တစ်ကောင် မိုးဝင်ခိုရင်း၊ ခေါင်းလေး တစ်လုံး၊ လက်ကလေး တစ်ဖက်၊ ခြေထောက်ကလေး တစ်ချောင်းကနေ တစ်ကိုယ်လုံး နေရာ ဝင်ယူပြီး အိမ်ရှင်ကို အပြင် မောင်းထုတ်လိုက်တဲ့ အဖြစ်လေးပါ။ ဘော်ဒါ ရေစီးကြောင်းထဲမှာ ဆရာနဲ့တကွ တပည့်အပေါင်းများစွာ ကျောင်းသားမိဘ ဆင်းရဲချမ်းသာ မကုန် မျောနိုင်သူတို့က ခေတ်မီသည်ဟု ထင်နေကြ။ မမျောနိုင်သူတို့က ကျောင်းက ဆရာနဲ့ စာသင်နေရတာကိုပင် ဂုဏ်ငယ်သည်ဟု ထင်လာနေသည့်ခေတ်။
“အထက်တန်းအဆင့် ပညာရေးဟာ နိုင်ငံ တစ်ခုကို တည်ထောင်ဖို့၊ တိုးတက် ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် တကယ့်ကို အသုံးဝင်တဲ့ ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့် တစ်ဆင့်ပဲ ဖြစ်ပါတယ်” ဆိုတဲ့ အချက်ကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းများရဲ့ ပုံရိပ် မြင်ကွင်းများမှ တစ်ဆင့် ခံစား ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ဘော်ဒါ မနေနိုင်ပေမယ့် မိမိရဲ့ ကိုယ်ပိုင် အစွမ်းအစကို အားကိုးလျက် ဆရာပီသသော ဆရာများရဲ့ ရင်ခွင်အောက်မှာ ယုံကြည်စွာ သင်ကြားမှု ခံယူနေတဲ့ တပည့်များ အတွက် ငယ်စဉ် အခြေခံပညာ အထက်တန်းမှာ သင်ကြားခဲ့ရတဲ့ “မြန်မာကဗျာ လက်ရွေးစင်” မှ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာ တစ်ပိုင်းတစ်စကို ရွတ်ဆိုရင်း တိုက်ပွဲဝင်နေဆဲ ...
 ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
မငိုက်ဦးခေါင်း၊ အားသစ်လောင်းလျက်
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ဆရာကောင်း တကား။
 (ယောက်ျားကောင်း စာသားတွင် ဆရာကောင်း စာသားကို ထည့်လျက် ဆရာကြီး မင်းသုဝဏ်သို့ ဂုဏ်ပြုဦးညွတ် ကန်တော့ ပန်ဆင်အပ်ပါသည်။)
တောင်ကိုရီးယား ကျောင်းသုံးစာအုပ်တွေ ဒစ်ဂျစ်တယ်စနစ် ပြောင်းမည်
ကမ္ဘာ့ပညာရေးစနစ် အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ဖြစ်တဲ့ တောင်ကိုရီးယားက သင်ရိုးညွှန်းတမ်း အားလုံးကို ဒစ်ဂျစ်တယ်စနစ် ပြုလုပ်တော့မည့်အကြောင်း ကြေငြာလိုက်သည်။ ၂၀၁၅ ခုနှစ်မှာ ပြဌာန်းစာအုပ်အားလုံး ကွန်ပျူတာ စခရင်ပေါ်မှာပဲ ရှိတော့မယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။
တောင်ကိုရီးယား ပညာရေး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဂျူဟိုလီ က သင်ကြားရေးစနစ်အားလုံးကို ကွန်ပျူတာစနစ် အပေါ် အခြေခံမယ့် Smart Education အဆင့် မြှင့်တင်ဖို့ မဟာဗျူဟာတွေ ချနေကြောင်း ဘီဘီစီကို ပြောဆိုခဲ့သည်။
ဒီစီမံကိန်းကို အခု နွေရာသီမှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပြီး၊ ကျောင်းသားတွေအားလုံး 'ဘယ်အချိန် ဘယ်နေရာက ဖြစ်ဖြစ်' သင်ယူလေ့လာနိုင်မယ့် ၀ါယာလက် ကွန်ယက်ဖွဲ့စနစ်အပေါ် အခြေခံသွားမည့်အကြောင်း ပြောခဲ့သည်။ အင်ဖော်မေးရှင်း အခြေခံတဲ့ ပညာရေးစနစ်မှာ ပီစီ၊ လက်ပ်တော့ပ်၊ တက်ဘလက်၊ အင်တာနက် ချိတ်ထားတဲ့ တီဗီ စတဲ့ ပစ္စည်းတွေ ကျောင်းသားတိုင်း အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
စမတ်ပညာရေးစနစ်မှာ ကျောင်းသားအတွက် လိုအပ်မယ့် အရည်အသွေးမှီ ကွန်ပျူတာပစ္စည်းများကို အစိုးရက ပြဌာန်းစာအုပ် ရောင်းဈေးလောက်နဲ့ ချပြီး ရောင်းပေးသွားမယ့်အကြောင်းလည်း ပြောဆိုခဲ့သည်။
"စမတ် ပညာရေးစနစ်က စက္ကူပြဌာန်းစာအုပ်တွေကို ဖယ်ရှားပစ်တော့မယ်။ အစဉ်အလာ အသုံးပြုခဲ့တဲ့ စာအုပ်တွေကို ဒစ်ဂျစ်တယ် ပြဌာန်းစာအုပ်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ကျောင်းသားတွေ စာအုပ်သယ်ရတာ ကျောပိုးအိပ်ထမ်းရတာ သက်သာသွားမယ်။ စာသင်ခန်းကနေကျော်လွန်ပြီး ကမ္ဘာကြီးကို ရှာဖွေကြည့်နိုင်ကြလိမ့်မယ်" လို့ ၀န်ကြီး မစ္စတာလီက ပြောခဲ့ပါတယ်။
နည်းပညာ ကျွမ်းဝင်နေတဲ့ ဆယ်ကျော်သက်များ
တောင်ကိုရီးယား စမတ်ပညာရေးရဲ့ ရည်ရွယ်ချက်တစ်ခုက ကျေးလက်ဒေသ ကျောင်းသားတွေ အကျိုးအမြတ် ရရှိစေဖို့ ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ အထူးပြုသင်ကြားပေးမယ့် ဆရာ ရှားပါးတဲ့ ကျေးလက်ဒေသမှ ကျောင်းသားတွေ သူတို့ စိတ်ကြိုက်ဘာသာရပ်တွေ ရွေးချယ်လာနိုင်မည်။ အိမ်ကနေ သင်ယူဖို့ ပိုမိုလွယ်ကူသွားမည်။ ပညာရေးဌာနတွေကလည်း လူငယ်တွေအတွက် အခမဲ့ အဆင့်မြင့် နည်းပညာသင်တန်းတွေ ပံ့ပိုးပေးသွားမည် ဖြစ်သည်။
စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OECD) ရဲ့ စစ်တမ်းအရ၊ ကမ္ဘာ့အဖွံ့ဖြိုးဆုံး ၁၆ နိုင်ငံထဲမှာ တောင်ကိုရီးယားမှ အသက် ၁၅ နှစ် လူငယ်တွေက ဒစ်ဂျစ်တယ်နည်းပညာ အကျွမ်းကျင်ဆုံး ဖြစ်နေကြောင်း ဖော်ပြထားသည်။ အဆင့်မြင့် ပညာရေးဝဘ်ဆိုဒ်စာမျက်နှာတွေကို အကြည့်များမှု၊ အင်တာနက် အင်ဖော်မေးရှင်းတွေကို အကျိုးရှိရှိ အသုံးချနိုင်မှုမှာ တောင်ကိုရီးယား ဆယ်ကျော်သက်တွေက သာလွန်ကြောင်း ဖော်ပြထားသည်။
UNESCO အဖွဲ့ကလည်း တောင်ကိုရီးယား အစိုးရက ICT နည်းပညာကို ပညာရေးမှာ စနစ်တကျ အသုံးချနိုင်ကြောင်း ချီးကျုးထားသည်။
အမေရိကန် ထိတ်လန့်
ယခု တောင်ကိုရီးယားရဲ့ ဒစ်ဂျစ်တယ် စမတ်ပညာရေးစနစ် ပြောင်းလဲဖို့ ကြေငြာချက်ကို အမေရိကန် အစိုးရပိုင်းက အံဩခဲ့ရသည်။ အကြောင်းမှာ ပြီးခဲ့တဲ့လကမှ သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံ အနာဂတ်ပညာရေးမှာ ဒီဂျစ်တယ်ရဲ့ အခန်းကဏ္ဍ အရေးပါလာမယ့်အကြောင်း ပြောပြီးရုံ ရှိသေး၊ ယခု တောင်ကိုရီးယားက ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးက ကျောင်းတွေမှာ စမတ်ပညာရေး စတင်မယ်လို့ ကြေငြာလိုက်ခြင်း ကြောင့်ပင်။
ဝင့်ထန်း
Source: BBC
Saturday, October 22, 2011
ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) မှာ
၁။ ကိန်းဘရစ်ခ်ျ တက္ကသိုလ် (အင်္ဂလန်)
၂။ ဟားဗတ်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၃။ မန်ဆာချူးဆက်တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၎။ ယေးလ်တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၅။ အောက်စ်ဖို့ တက္ကသိုလ် ( အင်္ဂလန်)
၆။ အင်ပီရီယေလ် ကောလိပ်( အင်္ဂလန်)
၇။ ယူနီဗာစီတီကောလိပ် (အင်္ဂလန်)
၈။ ချီကာဂို တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)
၉။ ပင်ဆယ်ဗေးနီးယား တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)
၁၀။ ကိုလမ်ဘီယာ တက္ကသိုလ် ( အမေရိကန် ပြည်ထောင်စု)။
အာရှတိုက်၏ အကောင်းဆုံး တက္ကသိုလ် (၁၀)
၁။ ဟောင်ကောင် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ဟောင်ကောင်)
၂။ ဟောင်ကောင်တက္ကသိုလ် ( ဟောင်ကောင်)
၃။ စင်္ကာပူ အမျိုးသားတက္ကသိုလ် (စင်္ကာပူ)
၎။ တိုကျို တက္ကသိုလ်( ဂျပန်)
၅။ ကောင်ကောင် တရုတ်တက္ကသိုလ်( ဟောင်ကောင်)
၆။ ဆိုးလ် တက္ကသိုလ် (တောင်ကိုးရီးယား)
၇။ ကျိုတိုတက္ကသိုလ် ( ဂျပန်)
၈။ အိုဆာကာ တက္ကသိုလ်( ဂျပန်)
၉။ တိုဟူးကု တက္ကသိုလ်( ဂျပန်)
၁၀။ ကျိုတို နည်းပညာ တက္ကသိုလ်( ဂျပန်)
အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို http://www.usnews.com/education/worlds-best-universities-rankings/best-universities-in-asia?page=1 တွင် ကြည့်ရှုနိုင်ပါသည်။
ကြိတ်ထား ရန်ကုန်တက္ကသိုလ်၊ ကြိတ်ထား။
Sources; Cambridge Tops Harvard Again in World's Best Universities Rankings
ဆွမ်းမှာပိဏ်၊ကျောင်းမှာသိမ်၊သင်္ကန်းမှာကထိန်
ကထိနံနာမ ဗုဒ္ဓဝဏ္ဏိတံ=တစ်နှစ်မှ တစ်ကြိမ် မဟာကထိန် အလှူဒါမည်သည်ကို၊ ဘုရားအဆူဆူတို့ချီကျူးတော်မူသည်ဆိုသကဲ့သို့ပါပဲ။ ဆွမ်းမှာ ပိဏ်၊ကျောင်းမှာသိမ်၊ သင်္ကန်းမှာကထိန် ဆိုတဲ့ဆိုရိုးစကားအရ...
ဆွမ်းဆိုလျှင် မိမိတို့ အိမ်ရှေ့ဆွမ်းရပ်လာတဲ့ ကိုယ်တော်ရဲ့ သပိတ်ထဲ ဆွမ်းတစ်ဇွန်း၊ဟင်းတစ်ခွက်၊ နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင် ပုဂ္ဂိုလ်စွဲလည်းကင်း၊စေတနာလည်းနိုင်နင်း၊သဒ္ဓါတရားလည်းဖြူဝင်းပြီး စိတ်နိုင် ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။တစ်နှစ်မှာ ရက်ပေါင်း(၃၆၅)ရက်ရှိတော့ ရက်မှန်မှန် ဆွမ်းလောင်းလှူသူမှာ တစ်ရက်လျှင် ပုဗ္ဗစေတနာ(မလှူမီဖြစ်တဲ့စေတနာ)၊မုဉ္စစေတနာ(လှူဆဲအခါမှာဖြစ်တဲ့စေတနာ)၊အပရစေတနာ(လှူပြီးနောက်
ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာ)ကုသိုလ်ရယ်ဆိုပြီး သုံးမျိုးရတာပေါ့။(၃၆၅)ရက်ဆိုတော့ တစ်နှစ်မှာ(၁၀၉၅)မျိုးရတယ်လို့ဆိုရမှာပါ။
အဲဒီလို နေ့ရက်မှန်မှန် ဆွမ်းလောင်းတာကလည်း တမင်သက်သက် တကူးတက လုပ်နေရတာ မဟုတ်ပါဘူး။မိမိစားဖို့ရာ ချက်တဲ့အထဲက ဝေခွဲပြီး လှူရတာဖြစ်လို့ လုပ်အားရော ပစ္စည်းဝတ္ထုပါ ပင်ပန်းတယ်၊တာဝန်ကြီးတယ်လို့ မဆိုနိုင်ပါဘူး။စိတ်နိုင်၊ကိုယ်နိုင်၊သဒ္ဓါနိုင်၊ ပစ္စည်းဝတ္ထုနိုင်နင်းစွာလှူရတဲ့ အလှူမို့ "ဆွမ်းမှာ ပိဏ်" ဆိုကြတာပါ။
ကျောင်းမှာသိမ် ဆိုတာကတော့ သာသနာတော် အနေနှင့်ကြည့်မည်ဆိုလျှင် သိမ်သည် အရေးအကြီးဆုံး၊ခရီးအရောက်ဆုံး၊ကျေးဇူးအများဆုံဖြစ်ပေသည်။အဘယ့်ကြောင့်ဆိုသော် ရဟန်းခံချင်တယ်၊သိမ်မရှိက ရဟန်းခံလို့ မရဘူး၊သံဃာတော်များ ဥပုသ်ကံပြုချင်တယ်၊သိမ်မရှိပါက ဥပုဉ်ကံပြု၍မရပါ။ကထိန်ခင်းချင်တယ်။သိမ်မရှိလျှင် ကထိန်ခင်းလို့မရပါဘူး။ဒါကြောင့် သိမ်သည် သာသနာတော်အနေနှင့်အင်မတန်ကျေးဇူးများတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ကျောင်းဆောက်လှူဒါန်းမည်ဆိုလျှင် ရိုးရိုးကျောင်းဆောက်လုပ်လှူတာထက် သိမ်ကိုဆောက်လုပ်လှူဒါန်းတာက ပိုပြီး အကျိုးကျေးဇူးများပါတယ်။ရဟန်းခံချင်သူများ၊ကထိန်ခင်းချင်သူများကို ရဟန်းခံဖြစ်အောင်၊ကထိန်ခင်းဖြစ်အောင် သိမ်က ကျေးဇူးပြုစွမ်းဆောင်ပေးမှာပါ။ကျောင်းတကာ ကျောင်းတွင် သိမ်ကျောင်းက ပိုမိုအသုံးဝင် ကျေးဇူးများသဖြင့် ကျောင်းမှာ သိမ်လို့ဥဒါန်းစကားဆိုခြင်းဖြစ်ပါတယ်။
သင်္ကန်းမှာကထိန်ဆိုတာက။ကထိန်ဆိုတာ ဘာလဲ၊ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ၊ဘာကြောင့်ကထိန်အလှူလို့ခေါ်တာလဲ၊ကထိန်ခင်းခြင်းကို လူတွေပြုရတာလား၊ရဟန်းတွေပြုလုပ်ရတာလား၊ဘယ်လိုရဟန်းများသာ ကထိန်ခင်းလို့ရသလဲ၊ဆိုတာမေးဖွယ်ရှိပါတယ်။
ကထိန်ဆိုတာ ကထိန=ဆိုတဲ့ပါဠိစကားလုံးကနေဆင်းသက်လာပြီး ၊ထို ကထိနဆိုတဲ့ ပါဠိကို ကထိန်ဟူ၍ မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ပါဠိပျက်စကားလုံးဖြစ်ပါတယ်။ကထိနဆိုတဲ့စကားလုံးက မြဲမြံခြင်း၊ခိုင်ခံခြင်း၊ခိုင်မြဲခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။အနည်းငယ်ချဲ့ပြောရရင် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ပုရိမ ဝါဆိုတော်မူကြတဲ့ ရဟန်းတော်များကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ သင်္ကန်းဆက်ကပ်လှူဒါန်းပြီး အလှူခံရရှိတော်မူကြသည့်ရဟန်းတော်များအနေနဲ့ ထိုသင်္ကန်းရဲ့ အစွမ်းသတ္တိကြောင့် ဝိနည်းဒေသနာတော်များထဲက တစ်ချို့သော သိက္ခာပုဒ်များကို ကာလအပိုင်းအခြားနဲ့ ကင်းလွတ်ခွင့်ရခြင်းဆိုတဲ့ အကျိုးအာနိသင်ကို မလွဲမသွေ ဧကန်မုချ ခိုင်ခိုင်မြဲမြဲ ရရှိမှာဖြစ်လို့ ကထိန ကထိန်ဟုခေါ်ဆိုရခြင်းဖြစ်ပြီး၊ကထိန်ခင်းတဲ့အခါမှာ သင်္ကန်းသုံးထည်ဖြင့်သာခင်းရတာဖြစ်လို့ အဲဒီသင်္ကန်းကို ကထိန်သင်္ကန်း၊လို့ခေါ်ဆိုပြီး၊အဲဒီအလှူကိုလည်း ကထိန်အလှူလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံကတော့ မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အာရညကဓုတင်၊ပိဏ္ဍပတ်ဓုတင်၊ပံ့သုကူဓုတင်၊တိစီဝရဓုတင် ဆောင်တော်မူကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော်များဟာ မြတ်စွာဘုရားရှင်အား ဖူးမျှော်ဖို့အတွက် သာဝတ္ထိကိုလာရင်း လမ်းမှာ ဝါဆိုရမယ့်အချိန်နဲ့နီးနေတဲ့အတွက် သာဝတ္ထိမရောက်မီ သာဝတ္ထိနှင့် ယူဇနာခြောက်ဆယ်လောက်ဝေးတဲ့ သာကေတမြို့မှာ ဝါဆိုရတဲ့ အဖြစ်နဲ့ကြုံကြရပါတယ်။ထိုရဟန်းတော်များက မြတ်စွာဘုရားသီးတင်းတော်မူတဲ့ သာဝတ္ထိပြည်နဲ့နီးနေတဲ့ နေရာမှာ ဝါဆိုရပြီး မြတ်စွာဘုရားကိုဖူးမျှော်ခွင့်မရတာကြောင့် စိတ်မချမ်းမသာဖြစ်ကြပါတယ်။ဒါနဲ့ဝါကျွတ်တော့ မြတ်စွာဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိကိုလာတဲ့အခါ လမ်းမှာ သည်းထန်စွာရွာသွန်းတဲ့မိုးကြောင့် ရဟန်းတော်များဝတ်ဆင်ထားတဲ့ သင်္ကန်းတွေ၊နှစ်ထပ်သင်္ကန်းတွေအားလုံး မိုးတွေစိုရွှဲကုန်ပါတယ်။မြတ်စွာဘုရားထံကိုရောက်လာတဲ့အခါ မြတ်စွာဘုရားရှင်က ဝါတွင်းကာလမှာ ချမ်းချမ်းသာသာ သီတင်းသုံးပြီး တရားအားထုတ်ခွင့်ရ.မရမေးတဲ့အခါ ထိုရဟန်းတော်များအပါးသုံးဆယ်က မိမိတို့အဖြစ်ကိုလျောက်ထားကြပါတယ်။
ထိုရဟန်းတော်များရဲ့ အခက်အခဲများကို ရှေးရှုပြီးမြတ်စွာဘုရားရှင်က ရဟန်းတို့ ဝါကျွတ်ပြီးသောရဟန်းတော်တို့အား ကထိန်ခင်းခြင်းကို ငါဘုရား ခွင့်ပြုတော်မူတယ်။ထိုကထိန်ခင်းသော(ကထိန်အာနိသင်)ရသော ရဟန်းတို့အားလည်း ထင်ရှားရှိသောရဟန်းအား မပန်ကြားမူပဲ ဒါယကာတို့အိမ်ကိုသွားလာနိုင်ခြင်း၊တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသောသင်္ကန်းကိုမယူပဲသွားလာနိုင်ခြင်း၊ဆွမ်းဘုဉ်းပေးကြွပါဟုမဖိတ်ပဲ၊ထမင်းစားကြွပါ၊မုန့်စား
ကြွပါ စတဲ့လူအသုံးအနှုန်းများဖြင့် ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို ဘုဉ်းပေးနိုင်ခြင်း၊အလိုရှိတိုင်း အဓိဋ္ဌာန်ဝိကပ္ပနာမပြုသော သင်္ကန်းကိုဆောင်နိုင်ခြင်း၊ထိုကထိန်ခင်းသော ကျောင်းတိုက်၌ ဖြစ်ပေါ်သမျှသော သင်္ကန်းများကို ကထိန်ခင်းသောရဟန်းတို့အားဖြစ်ရခြင်း စတဲ့ အကျိုးအာနိသင်ငါးပါး(သိက္ခာပုဒ်ငါးပုဒ်)ကင်းလွတ်ခွင့်ကို ရတော်မူပါတယ်။ဒါကကထိန်ခင်းခြင်းရယ်၊ကထိန်သင်္ကန်းဖြစ်ပုံလာပုံဖြစ်ပါတယ်။
ကထိန်ခင်းခြင်းကို ပထမဝါဆိုတော်မူတဲ့ ရဟန်းတော်များသာခင်းရတာပါ။ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့စတဲ့ လူအများပြောဆိုတဲ့စကားအရ ..ကထိန်ကိုလူများခင်းလို့မရပဲ ရဟန်းတော်များသာခင်းရတာပါ။ရဟန်းတော်တောင်မှ ပုရိမဝါ(ပထမဝါ)ဆိုတဲ့ရဟန်းများသာခင်းလို့ရတာပါ။(ပစ္ဆိမဝါ)လို့ခေါ်တဲ့ ဒုတိယဝါဆိုတော်မူတဲ့ရဟန်းတော်များခင်းလို့မရပါဘူး။လူများကတော့ ရဟန်းတော်များကထိန်ခင်းလို့ရအောင် သင်္ကန်းကိုလှူဒါန်းပေးတဲ့ ကထိန်သင်္ကန်းအလှူရှင်ဖြစ်သာခံယူခွင့်ရတာပါ။လူအများအနေနဲ့ သံဃဿဒေမဆိုပြီး လှူဒါန်းလိုက်တဲ့ သင်္ကန်းကို သံဃာတော်များက ကထိန်ခင်းမယ့် ရဟန်းကိုစီစစ်ရွေးချယ်ပြီး သိမ်ထဲမှာ ဥတ်ကမ္မဝါစာဖြင့် ရွတ်ဖတ်ပြီး ကထိန်ခံမယ့်ရဟန်းကိုပေးရတာဖြစ်ပါတယ်။အဲဒီလို ကမ္မဝါစာဖြင့် ပေးလာတဲ့သင်္ကန်းကို ခံယူရရှိတဲ့ ရဟန်းတော်က မိမိဝါဆိုရာကျောင်းမှာ ကထိန်ခင်းရတာဖြစ်ပါတယ်။ကထိန်ခင်းတယ်ဆိုတာကလည်း စွန့်သင့်တဲ့သင်္ကန်းကိုစွန့်၊အဓိဋ္ဌာန်ပြုသင့်တဲ့သင်္ကန်းကိုပြုပြီး ရရှိထားတဲ့သင်္ကန်းကို ဝိနည်းကံအရလိုက်နာပြုကျင့်ရတာကိုဆိုတာပါ။အဲဒီလိုကထိန်ခင်းခြင်းကြောင့် ရရှိလာတဲ့ အကျိုးအာနိသင်(၅)ပါးကိုလည်း ပထမဝါဆိုတော်မူကြတဲ့ သံဃာများကို မိမိနှင့်အတူ အညီအမျှရစေဖို့ အနုမောဒနာ သာဓုခေါ်ဆိုစေတာဖြစ်ပါတယ်။အဲဒီလို ကမ္မဝါစာနဲ့ပေးလိုက်တဲ့သင်္ကန်းကို ရရှိထားတဲ့ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းတိုက်သို့ပြန်ပြီး ကထိန်ခင်းကာ မိမိကဲ့သို့ ပထမဝါဆိုတော်မူကြတဲ့ ရဟန်းတော်များကို အနုမောဒနာသာဓုခေါ်စေပြီး ကထိန်အာနိသင်ငါးပါးရစေတာကို ခြုံပြီး ကထိန်ခင်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ကထိန်ကို ပုရိမဝါဆိုကြတဲ့ရဟန်းတော်သာခင်းနိုင်ပြီး လူအများအနေနဲ့ ကထိန်ခင်းလို့မရဘဲ ကထိန်ခင်းဖို့အတွက် ကထိန်သင်္ကန်းလှူဒါန်းမှုသာပြုလုပ်နိုင်တာပါ။ဒါကြောင့်ကထိန်ခင်းတယ်ဆိုတာ လူအများကခင်းတာမဟုတ်ပဲ ကထိန်ခံတဲ့ရဟန်းတော်ကသာ ခင်းရတာဖြစ်ပါတယ်။
ထို့ပြင် ကထိန်သင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပြီးအောင်ကံဆောင်ပြီးတဲ့ သင်္ကန်းမှသာ ကထိန်ခင်းလို့ရတာပါ။ညလွန်တဲ့သင်္ကန်းမဖြစ်ရပါဘူး။ဆိုလိုတာက ဒီနေ့ရတဲ့သင်္ကန်းကို နောက်နေ့ကျမှ ခင်းမယ်ဆိုရင် ကထိန်ခင်းရာမရောက်ပါဘူး။မသိုးသင်္ကန်းဆိုတာ ရက်လွန်သွားတဲ့သင်္ကန်းမဟုတ်ပဲ ဒီနေ့အလှူခံ ဒီနေ့အပြီးကံဆောင်ပြီး ဒီနေ့ခင်းတဲ့သင်္ကန်းကိုပြောတာပါ။ရက်လွန်သွားတဲ့သင်္ကန်းမဟုတ်မှသာ ကထိန်ခင်းလို့ရတာပါ။မသိုးသင်္ကန်းမှသာကထိန်ခင်းလို့ရတာပါ။အခြားပဒေသာပင်မှာသီးထားတဲ့ ပစ္စည်းများနဲ့လည်းကထိန်ခင်လို့မရပါဘူး။အဲဒီပစ္စည်းများက လိုအပ်တဲ့ အခြံအရံအသုံးအဆောင်ပစ္စည်းများသာဖြစ်ပါတယ်။
ထို့ပြင် ကထိန်သင်္ကန်းဖြစ်ပေါ်လာအောင် စည်းရုံးတာမျိုး၊အလှူခံတာမျိုးလည်းမဖြစ်ရပါဘူး။အောက်ထစ်ဆုံး မိမိကိုမွေးပေးလိုက်တဲ့ မိခင်ကိုတောင်မှ ကျုပ်ကျောင်းမှာ ကထိန်ခင်းပါဆိုပြီး မပြောရပါဘူး။အဲလိုပြောပြီး ရလာတဲ့သင်္ကန်းကိုလည်း ကထိန်ခင်းလို့မရပါဘူး။ကထိန်သင်္ကန်းအလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃဿဒေမဆိုပြီး သံဃာကိုရည်စူးပြီး လှူဒါန်းတဲ့သင်္ကန်းဖြင့်သာ ကထိန်ခင်းရတာဖြစ်ပါတယ်။ ဒီသင်္ကန်းက ဘယ်ရဟန်းအတွက်စတဲ့ ပုဂ္ဂိုလ်ကိုစွဲပြီးလှူဒါန်းတဲ့သင်္ကန်းဆိုလည်းက ထိန်ခင်းလို့မရပါဘူး။သံဃာကိုလှူဒါန်းတဲ့သင်္ကန်းပဲခင်းလို့ရတာပါ။နောက်ပြီး ကာလအပိုင်းအခြားအနေနဲ့ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ တစ်လ၊တစ်လမှာလည်း နယ်မြေချင်းမတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်သာခင်းခွင့်ရှိပါတယ်။ပြီးတော့ ကထိန်ခင်းဖို့ သိမ်လိုသလို လေးပါးနဲ့ လေးပါးအထက် သံဃာပြည့်မှီမှသာ ကထိန်ခင်းအမှုပြီးမြောက်စေပါတယ်။
ကထိန်ကိုဘုရားအစရှိတဲ့သူတော်ကောင်းများချီးမွမ်းတာဟာ ထူးခြားမှုတွေရှိနေလို့ပါ။ဘယ်လိုထူးခြားချက်လဲလို့ဆိုတော့ ကထိန်သင်္ကန်းကို ၁။ပုဂ္ဂိုလ်ကိုရွေးချယ်ပြီးလှူဒါန်းရတာမဟုတ်ပဲ သဃာကိုရည်မှန်းပြီးလှူဒါန်းရတဲ့သံဃိကဒါနဖြစ်ခြင်း။
၂။အချိန်ကာလ သတ်မှတ်ချက်ဖြင့်သာလှူဒါန်းနိုင်ခြင်း။
၃။အခြားပစ္စည်းဝတ္ထုများဖြင့်ခင်းလို့မရပဲ (အရဟတ္တဓဇ)လို့ခေါ်တဲ့ သင်္ကန်းသုံးထည်(အပေါ်ရုံ=ဧကသီ၊ခါးဝတ်=သင်းပိုင်၊ဒုက္ကုဋ်=နှစ်ထပ်သင်္ကန်း)သုံးမျိုးထဲမှ တစ်မျိုးမျိုးဖြင့်သာခင်းနိုင်ခြင်း။
၎။ကထိန်သင်္ကန်းကိုအကြောင်းပြုပြီး ရဟန်းတော်များအနေနဲ့ ကာလအပိုင်းအခြားဖြင့် တစ်ချို့သိက္ခာပုဒ်များကို ကင်းလွတ်ခွင့်ရခြင်းဆိုတဲ့ အကျိုးအာနိသင်ကိုရစေနိုင်တဲ့အတွက် ဓမ္မဒါန(တရားအလှူ)၊ဝိနည်းအလှူဖြစ်လို့ အလွန်ပင်ထူးခြားသောကြောင့် ဘုရားစတဲ့ သူတော်ကောင်းများချီးမွမ်းကြတာပါ။ဝါဆိုသင်္ကန်းနဲ့ အခြားအလှူများက ဝိနည်းသိက္ခာပုဒ်များကို ကင်းလွတ်ခွင့်မရပါဘူး။ဝိနည်းသိက္ခာပုဒ်ကို ကင်းလွတ်စေတဲ့အကျိုးအာနိသင်ကိုရစေတာ ကထိန်သင်္ကန်းပဲဖြစ်ပါတယ်။ဒါကြောင့်အလွန်ထူးခြားတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ကထိန်အာနိသင်ရကြတဲ့ ရဟန်းတော်များအနေနဲ့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစပြီး တပေါင်းလပြည့်နေ့ထိ(၅)လတိုင်အောင်အောက်ပါအကျိုးတရားများကိုရစေပါတယ်။
၁။ရဟန်းတော်များအနေနဲ့ ဒါယကာတစ်ဦးဦးထံသို့သွားလျှင် ကျောင်းတိုက်မှာရှိနေတဲ့ ရဟန်းတစ်ပါးပါးကို ပန်ကြားပြီးမှသွားရပေမယ့် ကထိန်အာနိသင်ရထားလျှင် မပန်ကြားပဲသွားလာနိုင်ပါတယ်။
၂။အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည်ကို မယူဆောင်ပဲသွားလာနိုင်ခြင်း။
၃။ထမင်းစားလာပါ။မုန့်လာစားပါ စတဲ့ မအပ်သော လူအသုံးအနှုန်းများနဲ့ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကိုသုံးဆောင်နိုင်ခြင်း၊(ကထိန်အာနိသင်မရရင်တော့ ထိုမအပ်သောနည်းနဲ့ ပင့်ဖိတ်တဲ့ဆွမ်းကိုဘုဉ်းပေးလို့မရပါဘူး။ဘုဉ်းပေးပါက ပါစိတ်အာပတ်သင့်တာပါ။)
၎။သင်္ကန်းသုံးထည်အပြင် အလိုရှိတိုင်း အဓိဋ္ဌာန်မတင်ပဲ သင်္ကန်းများကိုဆောင်နိုင်ခြင်း။
၅။ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိကသင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်အာနိသင်ရတဲ့ ရဟန်းတော်များခံစားခွင့်ရခြင်း။ဆိုတဲ့အကျိုးတရားများကိုရစေပါတယ်။
ကထိန်သင်္ကန်းအလှူရှင်များအနေနဲ့လည်းသင်္ကန်းအလှူကို လှူဒါန်းရခြင်း(စီဝရဒါန)၊သံဃိကအလှူကိုလှူဒါန်းခွင့်ရခြင်း(သံဃိကဒါန)၊အချိန်ကာလသတ်မှတ်ချက်ဖြင့်
လှူဒါန်းခွင့်ရခြင်း(ကာလဒါန)၊တရားအလှူပေးခြင်း(ဓမ္မဒါန)စတဲ့အကျိုးတရားများအပြင် ရဟန်းတော်များရတဲ့
အကျိုးတရားနှင့်ထပ်တူထပ်မျှအကျိုးတရားများကိုရစေနိုင်သည့်အပြင် အချုပ်အနှောင်မှကင်းလွတ်ပြီး လွတ်လပ်တဲ့ဘဝမျိုး၌ဖြစ်ရခြင်း၊အစားအသောက် အဝတ်အထည်များစွာကို အလိုရှိသလိုသုံးစွဲနိုင်ခြင်း၊အစားအသောက်၊အဝတ်အထည်ပေါများခြင်း မိမိကိုယ်ကိုသူတစ်ပါးတို့မလွှမ်းမိုးနိုင်ခြင်း၊မိမိအနေနဲ့သာသူတစ်ပါးတို့အပေါ်အစိုးရခြင်း၊
အထူးသဖြင့် အလွန်ထူးခြားတဲ့အလှူဒါနဖြစ်လို့ အကျိုးထူး အကျိုးမြတ်များစွာကိုရစေပြီး မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရစေနိုင်၊ရောက်စေနိုင်တဲ့ အထောက်အပံ့ပေးနိုင်တဲ့အကျိုးတရားများကိုရရှိစေပါတယ်။
ကထိန်သင်္ကန်းကို ရဟန်း၊ရှင်၊လူ မည်သူမဆို
လှူဒါန်းနိုင်ပါတယ်။ဒါကြောင့် ကထိန်နဲ့ပတ်သတ်တာကို သိစေချင်၊ပြုလုပ်တတ်စေချင်၊လှူဒါန်းတတ်စေချင်တဲ့
စိတ်စေတနာဖြင့် ကထိန်အကြောင်းကိုရေးသားတင်ပြလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
Friday, October 21, 2011
ကမ္ဘာ့ပညာရေး တိုးတက်မှုအား ခြိမ်းခြောက် နေသော ကျောင်းဆရာဆရာမ ရှားပါးလာမှု
၂၀၁၅ ခုနှစ်တွင် ကျောင်းဆရာ၊ဆရာမ ပေါင်း ၈ သန်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ကမ္ဘာတ၀ှမ်းတွင် မူလတန်းသင် ကျောင်းဆရာ၊ဆရာမ ဦးရေ လျော့နည်းလာခြင်းသည် ၂၀၁၅ ခုနှစ်တွင် လူတိုင်း အခြေခံပညာ သင်ယူခွင့် ရရှိနိုင်ရေး ကြိုးပမ်းနေမှုအား  ခြိမ်းခြောက်လျက် ရှိကြောင်း
ယူအန်မှ သတိပေးလိုက်သည်။ ကမ္ဘာကြီးတွင် ကျောင်းဆရာ၊ဆရာမပေါင်း ၈ သန်းအား အရေးတကြီး ခန့်အပ်ရန် လိုအပ်ကြောင်း ယူအန်၏ ခန့်မှန်း တွက်ချက်မှုများက ဆိုပါသည်။
ကျောင်းဆရာ အလိုရှိသည်
ကျောင်းဆရာ အလိုရှိသည်
 ၂၀၁၅ တွင် သင်ကြားရေး ၀န်ထမ်းပေါင်း အနည်းဆုံး  ၂ သန်း လိုအပ်လိမ့်မည် ဖြစ်ကြောင်း ယူအန်မှ ယခု ရက်သတ္တပတ်တွင် ထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပြောင်းသူများ၊ အနားယူသူများ၊ နာမကျန်းသူများနှင့် သေဆုံးသူများနေရာတွင် အစားထိုးရန်နှင့် လက်ရှိ သင်ကြားရေးဝန်များအား ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ကျောင်းဆရာ၊ ဆရာမပေါင်း ၆ ဒသမ ၂ သန်း ထပ်မံ ခန့်အပ်ရန် လိုအပ်မည်ဖြစ်သည်။
လာမည့် ၄ နှစ်တာ ကာလအတွင်း ကျောင်းဆရာ၊ဆရာမများအား အရေးတကြီး ခန့်အပ်ရန်အတွက် အသည်းအသန် လှုံ့ဆော်ရမည့် နိုင်ငံများတွင် ထိပ်ဆုံးမှပါဝင်သည့် နိုင်ငံများမှာ ဘာကီနာ ဖာဆို၊ အီရစ်ထရီယာနှင့် အလယ်ပိုင်း အာဖရိက နိုင်ငံတို့ဖြစ်ကြသည်။ ဘာကီနာဖာဆိုတွင် သင်ကြားရေး ၀န်ထမ်းများအား ၂၀၁၅ ခုနှစ် တိုင်အောင် နှစ်စဉ် ၁၄ ရာခိုင်နှုန်း တိုး၍ ခန့်အပ်ရန် လိုအပ်မည်ဖြစ်ပြီး အီရစ်ထရီယာနှင့် စင်ထရယ်အာဖရိကတို့တွင် ၁၈ နှင့် ၂၁ ရာခိုင်နှုန်း အသီးသီး ခန့်အပ်ရန် လိုအပ်မည်ဖြစ်သည်။
“လူတိုင်း အခြေခံပညာ သင်ယူခွင့် ရရှိနိုင်ရေး ရည်မှန်းချက် အောင်မြင်ရန် အတွက် မူလတန်းသင် ဆရာ၊ဆရာမများ လျော့နည်းလာခြင်းသည် အကြီးမားဆုံး တံတိုင်းကြီးဖြစ်သည်။” ဟု အစီရင်ခံစာက ဆိုသည်။ ဆရာဖြစ်သင်တန်းများ၊ မွမ်းမံသင်တန်းများအား ထိရောက်စွာ ဖော်ပြထားသည့် ပေါ်လစီများအား အမျိုးသားပညာရေး ပေါ်လစီများအဖြစ် ရေးသွင်း ထည့်ဆွဲရ မည်ဟု အဆိုပါ အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။
မွန်ထရီရယ် အခြေစိုက် ယူနက်စကို စာရင်းအင်း အင်စတီကျု၏ ခန့်မှန်း တွက်ချက်ထားမှုများသည် နိုင်ငံများအတွက် ယင်းတို့၏ ဘဏ္ဍာရေးနှင့် ကျောင်းဆရာ၊ဆရာမများအား သင့်လျော်အောင် ခန့်အပ်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ထားပါသည်။
နှစ်စဉ် ကျောင်းဆရာ၊ဆရာမ ၅ ရာခိုင်နှုန်း အလုပ်ထွက်မှုနှင့် လက်ရှိ တပည့်နှင့် ဆရာ အချိုးအား ထိန်းသိမ်းနိုင်ရန် ကျောင်းဆရာ အရေအတွက် ခန့်မှန်း လိုအပ်ချက်များ အပေါ်တွင် အခြေခံ၍ ယူနက်စကိုက ထောက်ပြထားပါသည်။
ယူနက်စကို၏ ထောက်ပြချက်များ အရ တိုးတက် များပြားလာနေသော မူလတန်း ကျောင်းသူကျောင်းသားများ၏ လိုအပ်ချက်များအား ဖြည့်ဆီးနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် ကျောင်းဆရာ၊ဆရာမ ရာထူး ၁ သန်းကျော် ခန့်အပ်ရန် လိုအပ်နေသည့် ဆာဟာရ-အာဖရိက နိုင်ငံများအတွက် အကြီးမားဆုံးသော စိမ်ခေါ်မှုကြီး ဖြစ်နေသည်။ လူဦးရေ တိုးပွားလာမှုနှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ကလေးများအားလုံး စာသင်ခန်းအတွင်း ရောက်ရှိနိုင်ရေး ဆောင်ရွက်ချက်များက နိုင်ငံ အများအပြားတွင် ကျောင်းအပ်နှုန်း မြင့်တက်စေခဲ့သည်။ သို့သော် အကယ်၍ ယင်းနိုင်ငံများမှ လုံလောက်သည့် ဆရာ၊ဆရာမ အရေအတွက်အား မဖြည့်ဆီး နိုင်ခဲ့လျှင် အဆင့်မီ ပညာရေး ဆောင်ရွက်နိုင်ရန်အတွက် အဓိက စိုးရိမ်ဖွယ်ဖြစ်သည်။
“ဆာဟာရ-အာဖရိက နိုင်ငံများတွင် အလုပ်ထွက်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် သင်ကြားရေး နေရာ အသစ်များအား အစားထိုး ဖြည့်ဆီးနိုင်ရန် အတွက် နှစ်စဉ် ဆရာဆရာမပေင်း ၃ သိန်း ၅ သောင်းအား ခန့်ထားရမည် ဖြစ်သည်။” ဟု အစီရင်ခံစာက ဆိုသည်။
နိုင်ငံ အများစုတွင် ကျောင်းဆရာ၊ဆရာမများအား စုဆောင်းနိုင်ရေးအတွက် အဓိက စိန်ခေါ်နေမှုမှာ အထက်တန်း ကျောင်းပြီးသူများ အရေအတွက် နည်းပါးလာခြင်းပင်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အထက်တန်း ကျောင်းနေအရွယ် လူငယ်များ၏ ၉ ဒသမ ၅ ရာခိုင်နှုန်းသာ ကျောင်းနေကြသဖြင့် မိုဇမ်ဘစ်တွင် လိုအပ်လျက်ရှိသည့် ဆရာ၊ဆရာမ အရေအတွက်သည် အထက်တန်းပြီးသူများ၏ အရေအတွက်ထက် များစွာ ကျော်လွန်လျက်ရှိသည်။ ဘာကီနာဖာဆို၊ အလယ်အာဖရိက၊ ချက်ဒ်၊ နိုင်ဂျာ၊ ယူဂန်ဒါ နှင့် တန်ဇန်းနီးယားတို့တွင်လည်း ကျောင်းဆရာ၊ဆရာမ စုဆောင်းရေး အားထုတ်မှုများတွင် အလားတူ အခြေအနေများက ခြိမ်းခြောက်လျက်ရှိသည်။
ကျောင်းဆရာ၊ဆရာမများ ခန့်အပ်ရာတွင် အမျိုးသမီးများအား ဦးစားပေးရန်နှင့် အမျိုးသား-အမျိုးသမီး မျှတရေးအား အဓိကထား စဉ်းစားရန် ယူနက်စကိုက တိုက်တွန်းထားသည်။
“နေရာ တော်တော်များများမှာ ကျောင်းဆရာမ အချိုးအစား နည်းပါးနေခြင်းဟာ စာသင်ခန်းအတွင်းမှာ မိန်းကလေး အရေအတွက် နည်းနေလို့ပေါ့။ တဆက်တည်းမှာပဲ အနာဂတ်မှာ  ဆိုရင်လည်း ကျောင်းဆရာမ ဦးရေ နည်းလာမှာပေါ့။” ဟု ယူနက်စကို၏ အတွင်းရေးမှူးချုပ် အိုင်ရီနာ ဘိုကိုဗာက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောဆိုလိုက်သည်။ “မိခင်လောင်းများအား အကာအကွယ် ပေးခြင်းနှင့် အနားယူနိုင်ခွင့်များအား လုံလောက်အောင် လုပ်ဆောင်ပေးခြင်းသည် အလွန်အရေးကြီးပါတယ်။ အကယ်၍ အရည်အချင်းပြည့်တဲ့ ကျောင်းဆရာမ တစ်ယောက်က အခွင့် အလမ်း နည်းပါးတဲ့ ကျေးလက်ဒေသမှာ အလုပ်လုပ်ဖို့ ငြင်းဆန်ခဲ့ရင် မိဘတွေက သူတို့ ရင်သွေးတွေကို ကျောင်းပို့ မပို့ ဆိုတာကို ကျနော်တို့ ဘယ်လို သိနိုင်တော့မလဲ။”
ကမ္ဘာ့တ၀ှမ်းတွင် မူလတန်းသင် ကျောင်းဆရာမ ဦးရေသည် ၁၉၉၀ မှ ၂၀၀၉ ခုနှစ်များအတွင်း ၅၆ ရာခိုင်နှုန်းမှ ၆၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့သည်။ သို့သော် ဤမြင့်တက်နှုန်း  အများစုသည် အာရှဒေသတွင်းတွင် ဖြစ်သည်။ အာရှတောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကျောင်းဆရာမ ဦးရေသည် ၃၂ ရာနှုန်းမှ ၄၅ ရာနှုန်းထိ လည်းကောင်း၊ အာရှအရှေ့နှင့် ပစိဖိတ်ဒေသ တို့တွင် ၄၈ မှ ၆၁ ရာခိုင်နှုန်းအထိ လည်းကောင်း မြင့်တက်ခဲ့ပြီး ဆာဟာရ-အာဖရိက ဒေသတွင်မူ ၄၀ မှ ၄၂ ရာခိုင်နှုန်း အထိသာ တိုးတက်ခဲ့သည်။
ကမ္ဘာတ၀ှမ်းတွင် ဆရာ၊ ဆရာမများ ရှားပါး ပြတ်လပ်နေမှုအား ယူနက်စကို၏ အစီရင်ခံစာမှ ထုတ်နှုတ်ထားပြီး အောက်ဖော်ပြပါ ဇယားတွင်  ဖော်ပြထားပါသည်။
ခင်ဇော် (CDC)
The guardian သတင်းစာပါ “Global teacher shortage threatens progress on education” အား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
Teacher shortages around the world
Country
Teaching staff in 2009 (000s)
Teaching staff needed in 2015 (000s)
Absolute change in stock (000s)
Average annual change
Total recruitment including attrition (000s)
Albania
11.7
8.7
-3
-4.91%
0.1
Algeria
141.4
151.4
10
1.14%
53.6
Andorra
0.4
0.5
0.1
2.38%
0.2
Anguilla
0.1
0.1
0
1.00%
0
Antigua and Barbuda
0.7
0.7
0
0.18%
0.2
Argentina
288.8
254.4
-34.4
-2.09%
47.8
Armenia
6.6
6.8
0.1
0.36%
2.1
Aruba
0.6
0.5
-0.1
-3.82%
0
Austria
29.2
28.1
-1.1
-0.64%
7.5
Azerbaijan
44.2
53.9
9.7
3.36%
24.1
Bahamas
2.3
2.1
-0.2
-1.59%
0.5
Bangladesh
361.5
434.4
73
3.11%
190.2
Barbados
1.6
1.2
-0.4
-4.80%
0
Belarus
23.9
25
1
0.72%
8.3
Belgium
65.7
66
0.3
0.08%
20.1
Belize
2.3
2
-0.3
-2.58%
0.3
Benin
38.3
44.8
6.5
2.63%
18.7
Bermuda
0.6
0.7
0.1
3.88%
0.3
Bhutan
3.9
3.7
-0.3
-1.20%
0.9
Bolivia
62.4
60.2
-2.3
-0.61%
16.2
Botswana
13
12.4
-0.6
-0.78%
3.2
British Virgin Islands
0.2
0.2
0
-0.85%
0.1
Brunei
3.7
3.5
-0.2
-1.01%
0.9
Bulgaria
15.1
16
0.9
0.99%
5.6
Burkina Faso
39
85.2
46.2
13.92%
62.8
Burundi
33.9
34.7
0.9
0.43%
11.1
Cambodia
46.7
49.9
3.3
1.13%
17.7
Cameroon
72.3
91
18.7
3.90%
42.6
Cape Verde
3.1
3.1
0.1
0.31%
1
Cayman Islands
0.3
0.3
0
1.67%
0.1
Central African Republic
6.4
20.1
13.7
20.97%
17
Chad
27.4
59.6
32.2
13.80%
43.8
Chile
67.2
61.1
-6.1
-1.57%
13.3
China
6018.8
5024.4
-994.4
-2.97%
682.6
China, Hong Kong
23.3
18.2
-5.1
-4.03%
1.2
China, Macao
1.6
1.5
-0.1
-0.72%
0.4
Colombia
180.8
153.9
-26.9
-2.65%
23.9
Comoros
3.7
4.1
0.4
1.66%
1.5
Congo
10.4
17.2
6.8
8.68%
10.6
Cook Islands
0.1
0.1
0
-2.43%
0
Costa Rica
28.9
25.4
-3.5
-2.13%
4.7
Croatia
11.8
11.3
-0.5
-0.74%
3
Cuba
92
77.2
-14.8
-2.89%
10.9
Cyprus
3.9
4.2
0.3
1.17%
1.5
Czech Republic
24.9
28.2
3.4
2.13%
11.2
Côte d'Ivoire
56.6
99.3
42.7
9.83%
64.4
Democratic Republic of the Congo
274.5
372.2
97.7
5.21%
191.5
Djibouti
1.6
3.2
1.6
12.03%
2.2
Dominica
0.5
0.4
-0.1
-4.27%
0
Dominican Republic
52.9
52.9
-0.1
-0.02%
15.8
Ecuador
105.2
87.1
-18.1
-3.10%
11.1
Egypt
382.5
418.6
36.1
1.52%
155.3
El Salvador
30.5
22.3
-8.2
-5.09%
0
Equatorial Guinea
3.4
5.1
1.7
6.94%
2.9
Eritrea
7.8
21.5
13.7
18.43%
17.4
Estonia
6.1
6.9
0.7
1.86%
2.6
Ethiopia
234.2
379.4
145.2
8.37%
231.9
Fiji
3.9
3.9
-0.1
-0.22%
1.1
Finland
25.7
25.8
0
0.02%
7.8
Gambia
6.4
8.4
2
4.64%
4.2
Georgia
33.5
31.1
-2.4
-1.24%
7.3
Germany
242.3
212.1
-30.2
-2.19%
38.6
Ghana
110.5
118.1
7.6
1.11%
41.6
Greece
62.1
62.8
0.7
0.19%
19.4
Grenada
0.8
0.8
-0.1
-1.23%
0.2
Guatemala
85
89.8
4.8
0.93%
30.9
Guinea
31.8
48.4
16.6
7.25%
28
Guyana
3.9
3.2
-0.8
-3.48%
0.3
Honduras
38.3
34.9
-3.4
-1.55%
7.6
Hungary
37.1
37.5
0.4
0.18%
11.6
Indonesia
1800
1533
-267
-2.64%
238.6
Iran
278
315
37
2.11%
124.9
Iraq
286.9
337.7
50.8
2.76%
143.1
Ireland
31.5
35.1
3.6
1.80%
13.5
Israel
65.9
64.4
-1.5
-0.38%
18.1
Italy
273.1
284.3
11.2
0.67%
94.5
Japan
396.4
361.9
-34.5
-1.51%
80
Kazakhstan
58
65.5
7.5
2.06%
25.9
Kuwait
24.6
29.5
4.9
3.09%
12.9
Kyrgyzstan
16.3
17.8
1.5
1.48%
6.6
Laos
29.5
27.3
-2.2
-1.30%
6.3
Latvia
10.9
12.1
1.1
1.65%
4.5
Lebanon
33.3
29.2
-4.1
-2.17%
5.3
Lesotho
11.5
12
0.5
0.67%
4
Liberia
22.3
30.9
8.7
5.64%
16.4
Liechtenstein
0.3
0.3
0
-1.42%
0.1
Lithuania
10.1
9.1
-1
-1.79%
1.9
Luxembourg
3
3
0
-0.23%
0.9
Madagascar
90.3
81.5
-8.8
-1.69%
17.2
Malaysia
209.9
225
15.2
1.17%
80
Maldives
3.5
3
-0.5
-2.60%
0.5
Mali
38.4
62.8
24.4
8.55%
38.7
Malta
2.5
2.2
-0.4
-2.64%
0.3
Mauritania
13.1
14.1
0.9
1.16%
5
Mauritius
5.5
5
-0.4
-1.35%
1.2
Mexico
528.6
436.5
-92.1
-3.14%
54.5
Mongolia
8.3
5.8
-2.5
-5.83%
0
Montserrat
0
0
0
-0.48%
0
Morocco
144.7
143
-1.7
-0.20%
41.5
Mozambique
82.8
130.7
48
7.92%
78.3
Myanmar
179.3
159.4
-19.9
-1.94%
31.3
Namibia
13.5
13.6
0
0.06%
4.1
Nepal
143.6
113.1
-30.4
-3.89%
8.7
Nicaragua
32.3
28.8
-3.6
-1.92%
5.7
Niger
40
86.1
46.1
13.62%
63
Nigeria
466.8
688.2
221.4
6.68%
387
Occupied Palestinian Territories
14.1
20
5.8
5.92%
10.7
Oman
25.6
30
4.5
2.71%
12.7
Pakistan
465.3
605.7
140.3
4.49%
296.6
Panama
18.7
17.9
-0.7
-0.66%
4.8
Peru
184.6
174.1
-10.6
-0.98%
43.5
Philippines
390.4
381
-9.5
-0.41%
106.5
Poland
238.7
223.9
-14.9
-1.07%
54.9
Qatar
7.5
9.3
1.7
3.49%
4.2
Republic of Korea
155.6
124.4
-31.1
-3.65%
11.5
Republic of Moldova
9.2
9.6
0.4
0.65%
3.2
Romania
54.1
53.7
-0.4
-0.12%
15.8
Russian Federation
284.8
334.8
50
2.73%
141.5
Rwanda
33.2
48.7
15.5
6.61%
27.3
Saint Kitts and Nevis
0.4
0.5
0
1.03%
0.2
Saint Lucia
1
1
0
0.49%
0.3
Saint Vincent and the Grenadines
0.9
0.8
-0.1
-2.19%
0.1
Samoa
0.9
0.8
-0.2
-3.35%
0.1
San Marino
0.3
0.3
0
1.23%
0.1
Sao Tome and Principe
1.3
1.1
-0.1
-2.01%
0.2
Saudi Arabia
284.8
302.6
17.9
1.02%
105.5
Senegal
47.7
67.5
19.8
5.97%
36.5
Serbia
17.4
28.6
11.1
8.58%
17.6
Seychelles
0.6
0.6
-0.1
-1.45%
0.1
Singapore
16.9
14.8
-2.1
-2.22%
2.7
Slovakia
13.9
13.9
0
0.02%
4.2
Slovenia
6.2
6.6
0.4
0.92%
2.3
South Africa
232.2
242.3
10.1
0.72%
81
Spain
212.6
231.7
19.1
1.44%
85.2
Sri Lanka
69.9
76.1
6.2
1.42%
27.9
Sudan
123.6
179.4
55.8
6.40%
99.3
Suriname
4.4
4
-0.4
-1.47%
0.9
Swaziland
7.2
7.3
0.1
0.24%
2.3
Sweden
61.4
67.2
5.8
1.51%
24.9
Syrian Arab Republic
132.1
131.3
-0.8
-0.10%
38.8
TFYR Macedonia
6.9
5.5
-1.4
-3.76%
0.5
Tajikistan
30.5
29.9
-0.6
-0.34%
8.5
Thailand
348
379.2
31.2
1.44%
139.4
Timor-Leste
7.4
8.1
0.8
1.65%
3.1
Togo
28.2
30.4
2.3
1.31%
11
Trinidad and Tobago
7.4
7.6
0.1
0.26%
2.4
Tunisia
60.4
56.6
-3.8
-1.07%
13.9
Uganda
168.4
218.1
49.7
4.40%
106.1
Ukraine
98.3
110.6
12.3
1.99%
43.3
United Arab Emirates
19.5
20.5
1
0.86%
7
United Kingdom
244.4
238.7
-5.7
-0.39%
66.9
United Republic of Tanzania
157.2
248.6
91.4
7.94%
149
United States
1772.4
1888.7
116.4
1.07%
662.4
Uruguay
23.6
20.3
-3.3
-2.46%
3.4
Uzbekistan
116.6
118.2
1.6
0.23%
36.8
Vanuatu
1.6
1.8
0.2
1.98%
0.7
Venezuela
238.6
243.6
4.9
0.34%
77.1
Zambia
48.1
75.3
27.2
7.77%
44.8
တောင်းပန်ခြင်း
`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။