This is default featured slide 1 title

ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 6 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 6 title

ကလေးငယ်များ တရားထိုင်နေကြပုံ.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Pages

Monday, September 10, 2012

ဆရာတော်၏သာသနာပြုခရီးစဉ်




ဆရာတော်ကြီး၏ ရနောင်းမြို့ ၀ပ်စီမိန်ကျောင်းဝိုင်းအတွင် ကလေးငယ်များ ထောက်ပံ့ရေးအတွက် တရားတော်များကို ကြွရောက်ချီးမြှင့်စဉ် ရနောင်းရောက် မြန်မာနိုင်ငံသားများ လာရောက်တရားတော်နာကြစဉ်။

Sunday, September 9, 2012

တိပိဋကဆရာတော်ဘုရားကြီး၏ သာသနာပြုခရီးစဉ်


တိပိဋကဆရာတော် ဦးဂန္ဓမာလာလင်္ကာရ ဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ထိုင်းနိုင်ငံ တောင်ပိုင်ရှိ ဟိုက်ယိုင်မြို့  လက်အိတ် စက်ရုံသို့ ကြွရောက်ကာ ရနောင်းဌာနီကလေးငယ်များ ဘ၀အရည်အသွေးမြှင့်ရေးကျောင်းအတွက် ပညာရေးထောက်ပံ့လှူဒါန်းပွဲသို့ ၁၀.၁၁.၂၀၁၂ နေ့ည နှင့် ၁၁.၁၁.၂၀၁၂ နေ့ညတို့တွင် တရားတော်များကို ဟောကြားမည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုဆော်အပ်သည်။

အသိပေးခြင်း

တန်းပလိတ်ပြင်နေပါသဖြင့်သည်းခံဖတ်ပါရန်

Monday, September 3, 2012

အမှတ်တရဓာတ်ပုံများ


ပညာရွှေစင် ကျောင်းဆောင်ရေစက်ချပွဲအမှတ်တရဓာတ်ပုံ



ဆရာတော်ဦးဝါသေဋ္ဌ(အကျိုးဆောင်)ဆရာတော်ဦးကောသလ္လ(ရနောင်းဌာနီကျောင်းတာဝန်ခံဆရာတော်) တိပိဋကဆရာတော် ဦးဂန္ဓမာလာလင်္ကာရ(အလယ်ယပ်တောင်ကိုင်ဆောင်ထားသောဆရာတော်) ဦးစိန္တိတ ထိုင်းစကားပြန် ဆရာတော်ဦးပညာဝရ(အကျိုးဆောင်ဆရာတော်)

ထာဝရလှူဒါန်းနိုင်သည့် စာရင်းများ

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ရနောင်းဌာနီကျောင်း၏ ထောက်ပံ့ရေး အဖွဲ့သားများအား လက်လှမ်းမီသလောက် ပေးအပ်ထားသော ထာဝရလှူဒါန်းနိုင်သည့် ကောင်းမှုများ စာရင်း ဗီနိုင်းပုံစံဖြစ်ပါသည်။

Friday, July 20, 2012

သာဓုခေါ်နိုင်ရန်

                                      ကျောင်းဆောင်ကို အားတက်သရော ဆောက်လုပ်နေကြပုံ




 ကျောင်းဝိုင်းအ၀င် ရှေ့မျက်နှာစာ






သာဓုခေါ်နိုင်ရန်

         ထိုင်းနိုင်ငံ ရနောင်းမြို့  ရနောင်းဌာနီ စာသင်ကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် ပုံစံ
လုပ်ဆောင်ချက် အမှန်အကန်နှင့် ဇွဲလုံးလတွေ ပေါင်းစပ်လိုက်သောအခါ အောင်မြင်းခြင်းတို့ အမှန်အကန် ရောက်လာခြင်းကြောင့် ကျောင်းသားကလေးငယ်များ တစ်နှစ်ထက် တစ်နှစ် တိုးပွါးလာသောကြောင့် ၁၇၀ မှ ၅၆၈ အထိ တိုးပွါးလာခြင်းကြောင့် နေရာများ ကြပ်တည်းလာခြင်းကြောင့် ကျောင်းဆောင်အသစ် မဖြစ်မနေ ဆောက်လုပ်ရမည် ဖြစ်သောကြောင့် ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ နေရာအသီးသီးတွင် ဓမ္မဒေသနာပြုလုပ်ခြင်းနှင့် တပည့်ဒါယကာများနှင့် ဒါယိကာမတို့ လှုဒါန်းသမျှသော ၀တ္ထုငွေများကို လုံးဝအသုံးပြုခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်းမှာပဲ ကလေးငယ်များအတွက် ကျောင်းဆောင်သစ်အတွက် လိုအပ်သမျှကို စုပေါင်းပါဝင် ကုသိုလ်ယူနိုင်ရန် တိုက်တွန်းနှိုးဆော်ထားသော ကျောင်းဆောင်သစ်ပုံစံငယ် ဖြစ်ပါသည်။

Sunday, May 13, 2012

ဗီယက်နမ်နိုင်ငံ အိုင်တီပညာရေးကွန်ယက်


အိုင်တီအတွက် ရေခံမြေခံ
အိုင်တီခေတ်ဟု ပြောလာကြချိန်တွင် လမ်းဖွင့်လိုက်ရအောင်ဟု မပြောသည့်နိုင်ငံ ရှိမည်မဟုတ်ပါ။ ပညာခေတ်ကို အိုင်တီနှင့် ရောပြီး ‘knowledge society’ ဟု ပြောနေသူတွေထဲမှာ ဗီယက်နမ်နိုင်ငံလည်း ပါသည်။
တိုးတက်မှုဟူသည် နောက်ကျသော၊ ရှေ့ရောက်သော၊ သာ၍ တိုးတက်ကောင်းမွန်သော ဆို၍ ငေးမောနေရမည့် အချိန်မဟုတ်။ ခု လုပ်နိုင်လျှင် ခု ရှေ့ရောက်သည်ဆိုသည်ကို စစ်ဘေးနှင့် ပြဿနာများ ကြုံခဲ့ရသည့် ဗီယက်နမ်က လက်တွေ့ ပြပြီးပြီ။ အိုင်တီလောကတွင် ပတ်ဝန်းကျင်နိုင်ငံတွေထက် ရှေ့ရောက်ပြီး တရုတ်ပြီးလျှင် နောက်ထပ် ကျားတစ်ကောင်လားဟု မေးနေရလောက်အောင် တိုးတက်နေသည်မှာ လက်တွေ့ပင်။
နေ့စဉ် လူနေမှုဘ၀တွင် အိုင်တီနည်းပညာ လွှမ်းမိုးလွန်းနေသည်ကို အလေးမမူ၍ မရတော့ပေ။ ထို့ကြောင့်လည်း အိုင်တီ လက်ဝါးကြီးအုပ်ခေတ်ကို ရောက်တော့မည်ဟုပင် ပြောစမှတ်ပြုနေကြရသည်။ ကျေးလက်နှင့် မြို့ ဆင်းရဲချမ်းသာ၊ အစဉ်အလာနှင့် မော်ဒန်၊ စည်း အတွင်းနှင့် အပြင် မည်သို့ပင် ကွဲပြားနေစေ အိုင်တီဖြင့် ပေါင်းကူးပြီး ခင်းထားသည့် တံတားပေါ်တွင် အားလုံး တူညီစွာ လျှောက်လှမ်းနိုင်ခဲ့ကြပါသည်။
အိုင်တီခေတ်ဆိုသည် စက်မှုခေတ်ပြောင်းတော်လှန်ရေးလို တော်လှန်ရေး အသွင်ဆောင်ပြီး ပေါ်လာသည်ဟု ပြောလျှင်လည်း ရသည်။ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးသော နိုင်ငံများသည် အိုင်တီကြောင့် အခွင့်အလမ်းတို့ များစွာရပြီး နေ့ချင်းညချင်း ကြီးပွားလာသည်ကိုလည်း တွေ့ရသည်။
နိုင်ငံတစ်နိုင်ငံတွင် ချမှတ်ထားသည့်မူဝါဒ၊ လူ့စွမ်းအားအရင်းအမြစ်၊ ထုတ်လုပ်မှုစွမ်းအား၊ ပညာရှင်စတာတွေအပေါ် မူတည်ပြီး ဖွံ့ဖြိုးမှု အနှေး-အမြန် ဖြစ်ကြရပါသည်။ ထိုနိုင်ငံများထဲတွင်တော့ မီးခဲပြာဖုံးနေရာက ဟုန်းခနဲ ထတောက်လာသည့် ဗီယက်နမ် နိုင်ငံ၏ အိုင်တီပညာရေး သို့မဟုတ် ကွန်ယက်ပညာရေးအကြောင်း အနည်းငယ် ပြောလိုပါသည်။
၂၁ ရာစုတွင် အိုင်တီပညာဖြင့် ခေတ်ကို ပြုပြင်ပြောင်းလဲရန် အားထုတ်ခဲ့သည့်နိုင်ငံ တော်တော်များများ တွေ့လာရသည်။ ဗီယက်နမ်နိုင်ငံ၏ ဗဟိုပေါ်လစ်ဗြူရို အကြီးအကဲများအနေဖြင့် ‘အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည်။ပညာရေးတွင် အိုင်စီတီကို နေရာပေးပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို လေ့ကျင့်သင်ကြားပေးရမည်။ ပညာရေးဌာနတွင် ရှိသည့်ဌာနတိုင်း ကွန်ယက်ချိတ်ဆက်ပြီး သင်ကြားသင်ယူမှုကို အထောက်အကူဖြစ်စေရမည်’ ဟု မူဝါဒများ ချမှတ်လုပ်ဆောင်လာသည်ကို တွေ့ရသည်။
ဗီယက်နမ်နိုင်ငံတွင် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်တော့ ဆိုသည့်အခါ ပညာရေးနှင့် ပတ်သက်၍ အိုင်တီဆိုင်ရာ ဈေးကွက် မည်မျှ ရနိုင်မည်လဲဟု ပြန်ပြီး သုံးသပ်ကြည့်မိသည်။ လက်ရှိအနေအထားအရ ဗီယက်နမ်တွင် တက္ကသိုလ် ၈၁ ကျောင်း၊ ကောလိပ် ၁၂၁ ကျောင်း (မြို့နယ် ၆၁ နယ်ရှိ ပညာရေးကောလိပ်များ အပါအ၀င်)၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ၂၆၈ ကျောင်း၊ ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၂၅,၈၀၅ ကျောင်း ရှိသည်ဟု ဆိုသည်။


EduNet (Education Network) အတွက် လှုပ်ရှားမှုများ
၁။ ဆက်သွယ်ရေး အခြခံနှင့် လမ်းကြောင်းများ
ဗီယက်နမ်နိုင်ငံ၏ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနသည် အစိုးရပိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ဈေးကွက်၏ ၉၅ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်ပါသည်။
၂၀၀၄ ခုနှစ် ဧပြီလတွင် ပညာရေးဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဌာန (MoET) နှင့် စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) တို့သည် Edu Net ပရောဂျက်အတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်များထဲ၌ ဆက်သွယ်ရေးဌာနနှင့် ဆက်သွယ်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီများ၊ ဌာနများအားလုံး Edu Net ပရောဂျက်ကြီးတစ်ခုလုံး အောင်မြင်ရေးအတွက် အထောက်အပံ့များ ပေးသွားဖို့ သဘောတူညီချက်သည် ပညာရေးတွင် တစ်ခုတည်း ရပ်တည်၍မရ ဆိုသည့် သဘောကို ပြလိုက်ခြင်းပဲ ဖြစ်ပါသည်။
၂၀၀၃ ခုနှစ် ဇူလိုင်လ မတိုင်မီအထိ ဗီယက်နမ်နိုင်ငံ၏ အက်တာနက်ဆယ်သွယ်မှုကို ပြန်ကြည့်လျှင် dial-up စနစ်ကိုသာ အဓိကထားတာ တွေ့ရသည်။ ဈေးကြီးသည့်အပြင် လွန်စွာ နှေးသာ ဆက်သွယ်ရေးတစ်ခု ဖြစ်သည်။
နောက်ပိုင်း ဗီယက်နမ် စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနသည် ADSL စနစ်ကို တစ်လ အမေရိကန် ၆၅ ဒေါ်လာဖြင့် ပြည်သူများ အသုံးပြုနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ဈေးနှုန်းအရ မြင့်သည်ဟု ပြောနိုင်သော်ငြား အမြန်နှုန်းကိုကြိုက်ပြီး လူများ သဘောကျ သုံးစွဲလာကြသည်။
၂၀၀၅ ခုနှစ် ကုန်လျှင် အထက်တန်းကျောင်း အားလုံးတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ရန် ၂၀၀၃ ခုနှစ်လောက် ကတည်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ သူတို့စာရင်းအရ အထက်တန်းကျောင်းပေါင်း ၁၅၃၂ ကျောင်း ရှိပါသည်။ ၂၀၀၄ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနအနေဖြင့် အလယ်တန်းကျောင်း ၅၀ ရာခိုင်နှုန်းတွင် အင်တာနက် ထပ်မံ တိုးချဲ့ တပ်ဆင်ခဲ့ကြောင်း သိရပါသည်။


၂။ ကျောင်းများရှိ ကွန်ယက်ချိတ်ဆက်မှု LAN နှင့် ကွန်ပျူတာများ အခြေအနေ
အစိုးရအနေဖြင့် ‘ကျောင်းတိုင်းမှာ ကွန်ပျူတာ ရှိရမယ်၊ ရှိတဲ့ ကွန်ပျူတာတွေမှာ နှစ်လုံးဟာ အင်တာနက် ချိတ်ဆက်ပြီး ဖြစ်ရမယ်’ ဆိုသည့် စီမံချက်အတိုင်း ဖြည့်ဆည်းပေးထားသည်။ ကျောင်းသားနှင့် ကွန်ပျူတာ အချိုးကို ကြည့်လျှင် ကျောင်းသား ၂၀၊ ကွန်ပျူတာ တစ်လုံးနှုန်း ရှိပေသည်။


၃။ ဖွံ့ဖြိုးတိုးတက်မှုများ
ကျောင်းများတွင် EduNet ပရောဂျက် အောင်မြင်ဖို့ ဆိုသည်မှာ ထောက်ပံ့ပေးနိုင်စွမ်းအပေါ် အများကြီးတည်သည်။ စီမံကိန်း တစ်ခု အောင်မြင်ဖို့ရာ ဦးစားပေးအဆင့်၊ သတ်မှတ်ကာလ၊ ပူးပေါင်းပါဝင်မှုတို့ အများကြီး လိုပေသည်။ အစိုးရက ဦးဆောင်မှု ပေးပေမဲ့၊ နောက်က မလိုက်နိုင်ရင်လည်း မဖြစ်ပေ။ ဦးဆောင်မှုဆိုတဲ့ အပိုင်းကလည်း ‘လုပ်ကြဟေ့’ ဆိုကာ ပွဲပြီးမီးသေ ပစ်ထားလိုက်သည်မျိုး မဖြစ်သင့်ပါ။
ပညာရေးဆိုသည်မှာ အခြားအပိုင်းများနှင့် မတူပါ။ တိုင်းပြည်နှင့် လူမျိုးအတွက်ပါ အများကြီးထည့်ပြီး စဉ်းစားကြရသည်။ သင်ကြားမှု၊ သင်ယူမှုအတွက် အခြေခံရင်းမြစ်တို့ ပြည့်စုံပြီလား၊ ပညာရေးဆိုင်ရာ ဆော့ဖ်ဝဲများ အသင့်ဖြစ်ပြီလား၊ ပညာရေး ဆွေးနွေးပွဲတွေ လုပ်နေပြီလား၊ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်နိုင်ဖို့ ဘာစနစ်တွေ အသုံးပြုမှာလဲ၊ စာရင်းဇယားတွေ၊ အချက်အလက်တွေ စုဆောင်းပြီး အသင့်ဖြစ်ပြီလား၊ e-books ၊ e-library တွေ အသင့်ဖြစ်ပြီလား၊ ပုံမှန်လည်ပတ်နိုင်ဖို့ ဘယ်လို အစီအစဉ်တွေ ချပြီးပြီလဲ၊ လုပ်ငန်းအောင်မြင်မှုအတွက် ဘယ်လိုတိုင်းတာ စစ်ဆေးမလဲ၊ စသည်တို့ကို အသင့်ပြင်ဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်မှု ရှိမရှိကို တိုင်းတာနိုင်မည် ဖြစ်ပါသည်။
ဗီယက်နမ်နိုင်ငံတွင် ၂၀၀၃ ခုနှစ်ကတည်းက ၀န်ကြီးချုပ်က တက္ကသိုလ်တိုင်းတွင် ကိုယ်ပိုင် website အသီးသီးဖြင့် ပုံမှန်လည်ပတ် နေနိုင်၍ ချီးကျူးခဲ့သည်ကို တွေ့ရသည်။ ကောလိပ်နှင့် တက္ကသိုလ်တို့သည် ကိုယ့် website ကို ကိုယ့်ဆရာများနှင့် ကျောင်းသားများ ပူးပေါင်းပြီး အမြဲ တိုးတက်အောင် လုပ်နေကြခြင်းပင် ဖြစ်သည်။


၎။ ဒေသဆိုင်ရာ လှုပ်ရှားမှုများ
EduNet နှင့် ပတ်သက်ပြီး ဒေသအလိုက်၊ ဌာနအလိုက် လှုပ်ရှားမှုများကိုလည်း တွေ့ရပါသည်။ ပညာရေးနှင့် လေ့ကျင့်ရေးဌာန DoET ဆိုပြီး ကိုယ်ပိုင် website တစ်ခုကို တင်ထားတာ တွေ့ရသည်။ ဗီယက်နမ် ပညာရေးဝန်ကြီးဌာန လက်အောက်မှ ထင်ရှားသော website များမှာ www.bacgiang.edu.vn; www.thuathienhue; www.hoabinh.edu.vn; www.hanoi.edu.vn; www.tphcm.edu.vn; www.quangbih.edu.vn; www.dongnai.edu.vn တို့ ဖြစ်သည်။
EduNet ပရောဂျက်တွင် e-Learning ဆိုသည်မှာ အရေးကြီးဆုံးနှင့် မရှိမဖြစ်ကိစ္စတစ်ခု ဖြစ်သည်။ ပညာရေးဆိုသည်မှာ သင်ယူနိုင်အောင် လမ်းဖွင့်ပေးဖို့ အရေးကြီးပါသည်။ ဖွင့်တဲ့သူတို့က ဖွင့်ပေမဲ့ အလုပ်ရှုပ်သည်ထင်ကာ လိုက်ပိတ်နေသူများ ရှိနေသမျှ အောင်မြင်ရန် မလွယ်ကူပါ။ ဗီယက်နမ်ကတော့ ထိုကဲ့သို့ မရှိအောင် အတော်လေး ကြိုးစားနေသည်ကို တွေ့ရသည်။
အင်တာနက်၊ တီဗီ၊ ရေဒီယို၊ စီဒီ၊ ကွန်ပျူတာများနှင့် သုံးချင်သလို အသုံးပြုနိုင်အောင် ဖန်တီးပေးထားသည်။ ‘ပညာ’ ဆိုတာ ဘယ်မှာရှာရမယ်၊ အဲဒီမှာ အခွင့်အလမ်းတွေရှိတယ်’ ဟူ၍လည်း လမ်းဖွင့်ပေးရန် လိုအပ်ပါသည်။ ဥပမာ၊ မလေ့လာလျှင်လည်း ရသည်ဆိုသည်နှင့် မလေ့လာ၍ မဖြစ်အောင် ဖန်တီးထားသည် ဆိုသည်မှာလည်း မတူပါ။
အင်တာနက် website တစ်ခုသို့ဝင်ကာ နိုင်ငံခြားစာမေးပွဲတစ်ခုကို အသည်းအသန် လေ့လာရေ၍ ပြည်တွင်းမှ သင်ကြားရေးဆိုင်ရာ website တစ်ခုကို ရှိမှန်းပင် မသိသိည်မှာ ဘာကြောင့်လဲဟု ဆန်းစစ်ကြည့်သင့်ပါသည်။
E-Learning တစ်ခု အောင်မြင်ဖို့ ဆိုသည်မှာ-
-ပါဝင်သော အကြောင်းအရာများ စိတ်ပါဝင်စားဖွယ် ကောင်းရမည်၊ ဆက်စပ်သော link တွေကို တကယ် အသုံးပြုနိုင်ရမည်။
-သင်ယူမှုသည် စနစ်တကျ အသေအချာ စီမံဖန်တီးထားသည့်ခွင်အတွင်းမှာ လေ့လာလိုစိတ်ရှိအောင် active ဖြစ်နေရပါမည်။
Website တစ်ခုတွင် ရှိသင့်သည့် အရည်အသွေး ပြည့်မှီမှ အများပြည်သူအတွက် ထုတ်လွှင့်သင့်သည်။ သုံး၍ လွယ်ရမည်။ ကျောင်းသား ကျောင်းသူများအတွက် ရည်စူးခြင်းဖြစ်၍ တတ်နိုင်ပါက အခမဲ့ ဖြစ်ရပေမည်။ အရေးအကြီးဆုံးမှာ ကွန်ပျူတာနှင့် အသုံးပြမှ ရမည့် ကိစ္စတစ်ခုတွင် ကျောင်းသားကျောင်းသူတိုင်ငး ကွန်ပျူတာ သုံးနိုင်ခွင့် ပေးဖို့ လိုပေသည်။


သင်တန်း
ဆရာအတတ်သင်မှာ ကွန်ပျူတာနှင့် နည်းပညာဆိုသည်က ထည့်သွင်းရမည့် ဘာသာရပ်ဖြစ်သည်။ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ အင်တာနက်၊ နက်ဝပ်၊ ပလက်ဖောင်း စသည်တို့ အားလုံး ဆရာများနှင့် ရင်းနှီး ကျွမ်းဝင်နေဖို့ လိုသည်။ အဝေးကပဲ သင်သင်၊ အနီးကပ် ကိုယ်တိုင် လေ့လာသင်ယူတာပဲ ဖြစ်စေ၊ ကွန်ပျူတာ မသုံးတတ်၍ မဖြစ်နိုင်သည့် ကိစ္စများတွင် ကွန်ပျူတာကို ကိုင်တွင် သုံးတတ်အောင် လုပ်ပေးရလိမ့်မည်။
ကျောင်းများတွင် ကွန်ပျူတာ ထားခြင်းမှာ သုံးဖို့ ဖြစ်ပါသည်။ အလှကြည့်ဖို့ မဟုတ် ဆိုသည့် အသိမျိုး (awareness) ကို ဗီယက်နမ်တို့ ကြိုးစားအကောင်အထည် ဖော်နေသည်ဟု သိရသည်။ သတင်းအချက်အလက်နှင့် နည်းပညာ (ICT) ဆိုသည်ကို လုပ်မှ ဖြစ်ပေမည်။ ပညာရေးဌာနအနေနှင့် မဖြစ်မနေ တပ်ဆင်သုံးစွဲ ကြရတော့မည် ဆိုသည့် သင်တန်းများ မပေးနိုင်သမျှ အချို့သော ၀န်ထမ်းများမှာ ဖြစ်သလို ရသမျှနှင့် ရောင့်ရဲနေကြဦးမည် ဖြစ်သည်။
ဆရာဆိုသည် တပည့်ထက် သာရမည်ဆိုသည့် အသိမျိုး မရှိသမျှ စီမံချက်တွေ ဘယ်လောက်ချချ အောင်မြင်မှုရရန် ခက်ပါလိမ့်မည်။
EduNet ရဲ့ ရည်ရွယ်ချက်မှာ အိုင်တီနည်းပညာကို ပညာရေးဌာနတွင် ရှိသည့် ၀န်ထမ်းများ အပါအ၀င် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူတို့ အားလုံး-
၁။ ပူးပေါင်းပါဝင်ရမယ်၊
၂။ သုံးတတ်အောင် လုပ်ရမယ်၊
၃။ သုံးနိုင်အောင် အခွင့်အရေး ပေးရမယ်၊
၎။ မဖြစ်မနေ သုံးကို သုံးရမယ်၊
၅။ လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ် ဆိုသည့် အချက်တို့ကို အခြေခံပြီး လုပ်နေသည်ကို တွေ့ရသည်။
ဗီယက်နမ်နိုင်ငံ ပညာရေးဌာန အနေဖြင့် UNESCO မှ လုပ်သည့် SchoolNet ပရောဂျက်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ SchoolNet ကတော့ ဘယ်လိုနေမှန်း မသိသေး။ EduNet ကတော့ သူ့အတိုင်းအတာနှင့်သူ အောင်မြင်နေသည်ကို စာရင်းဇယားများအရ သိရသည်။ဖော်ပြသည့် စာရင်းဇယားများကို ယုံပြီး တကယ်တမ်း အကောင်အထည် ဖော်သင့် မဖော်သင့်၊ ရှေ့ဆက်သင့် မဆက်သင့် ဆိုသည်ကိုတော့ သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူတွေ အသိဆုံး ဖြစ်ပေသည်။
တင်ညွန့်
ရည်ညွှန်း။ Education Network-Edunet in Vietnam by Dr.Quach Tuan Ngoc, Director, Center of Information and Technology, MoET
ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း-တင်ညွန့်

Thursday, May 10, 2012

ဂုဏ်ပြုမှတ်တမ်းအကြောင်း

ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင်နေထိုင်ကြကာ ရနောင်းကျောင်းတော်ကြီးအား တတ်နိုင်သမျှ ထောက်ပံ့ လှုဒါန်းနိုင်ရန်အတွက် ဥပါသကာများ အဖွဲ့ကာ ဥပဋ္ဌာက အကျိုးဆောင် လူပုဂ္ဂိုလ်များ ဤဂုဏ်ပြုမှတ်တမ်းအား ပေးပါသည်။

Sunday, May 6, 2012

ဆရာတော်ကြီး၏ နိုင်ငံခြားခရီးစဉ်တရားပွဲများ

ဆရာတော်ဘုရားကြီး သာသနာပြုခရီးစဉ်အဖြစ် နိုင်ငံပေါင်းစုံသို့ ကြွရောက်တော်မူပါသည်။
ထိုသို့ကြွရောက်ရာတွင် ထိုင်းနိုင်ငံသို့ ကြွရောက်သည့်အခါတိုင်းတွင် ရရှိသမျှသော ဓမ္မပူဇာငွေများကို ထိုင်းနိုင်ငံ ရနောင်း မြို့ ရှိ ရနောင်းဌာနီမြန်မာကလေးငယ်များအတွက် လှုဒါန်းလေ့ရှိပါသည်။
အခုအချိန်မှာတော့ ဆရာတော်ဘုရားကြီး၏ ကြိုးစားမှုနှင့်အတူ ထိုကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ်များအတွက် ပညာရေးဆက်လက် တက်လှမ်းနိုင်အောင် ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ ရနောင်းဌာနီကျောင်းကလေးသည် မြန်မာနိုင်ငံရဲ့ တရားဝင် အသိမှတ်ပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကလေးဖြစ်လာသည့်အတွက်ကြောင့် ကျောင်းသားဦးသည်လည်း ၇၀၀ကျော်လောက် ဖြစ်လာတော့မည်ဖြစ်ပါသည်။
ဆရာတော်ဘုရားကြီး၏ ကြိုးစားမှုနှင့် အားလုံးသာဓု အနုမောဒနာပြုနိုင်ရန် တင်ပြအပ်သည်။

Thursday, May 3, 2012

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစာအံသံ ညံလို့နေပါပြီတဲ့။






အကြောင်းကတော့ ထိုင်းနိုင်ငံက မူလတန်းကျောင်းတွေမှာ သူုတို့နယ်နဲ့ နီးစပ်တဲ့ နိုင်ငံရဲ့ ဘာသာစကားနဲ့ စာပေတွေ ကို တပတ် တချိန် မသင်မနေရ ဥပဒေ ပြဋ္ဌာန်းလိုက်လို့ပါတဲ့။

ဒါကတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက အလုပ်သမားနဲ့ တခြား သယံဇာတများကို အရင်းပြုပြီး စီးပွား ရှာလာခဲ့တာ ကြာပါပြီ။

အခုခါမှာ မြန်မာရဲ့ စီးပွားရေးကလည်း အာရှကျားတကောင်ဖြစ်ဖို့ တာစူနေချိန်မှာတော့ ထိုင်းဘက်က စီးပွားရေးမဟာဗျူဟာပါ ပညာရေးမှာ ထည့်သွင်းစဉ်းစားချက် ကနဦးခြေလှမ်းလည်းဖြစ်နိုင်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အနာဂတ်ကို မျှော်တွေးပြီး ပြင်ဆင်နေပြီဆိုတာ မြန်မာနိုင်ငံရဲ့ အစိုးရ အပါအ၀င်၊ လွှတ်တော်များ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အဖွဲ့အစည်း အသီးသီးနဲ့ နိုင်ငံ့သားကောင်းများ သတိထားမိကြစေလိုပါတယ်။

ဧရာဝတီဘလော့မှကူးယူဖော်ပြပါသည်။

Sunday, February 5, 2012

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။
၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။
၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။
၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။
၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။
၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ 
Sources; The 10 Most Educated Countries in the World         by Maukkha

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။