This is default featured slide 1 title

ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။

Pages

Friday, November 25, 2011

လှုပ်ရှားမှုကလေးများ


 ပျော်ရွှင်စွာဆင်နွှဲခဲ့သော ရနောင်းဌာနီကျောင်း ဖွင့်ပွဲအခမ်းအနားကလေးကို အမှတ်တရအနေဖြင့် တင်ပြပေးလိုက်ပါတယ်

            တိပိဆရာတော်ဦးဂန္ဓမာလာလင်္ကာရမှသြ၀ါဒကထာနှင့်ကျောင့်ဖွင့်လှစ်ရခြင်း၏        ရည်ရွယ်ချက်များကိုဟောကြားနေစဉ်

 တိပိဆရာတော်နှင့်ရနောင်းခရိုင်းဥက္ကဋ္ဌဆရာတော်၊မြို့နယ်ဥက္ကဋ္ဌဆရာတော်တို့ကိုဖူးမြင်ရပုံ
 ဖွင့်ပွဲသို့ အားခဲရောက်လာကြသောရနောင်းမြို့ရှိကျောင်းသားမိဘများနှင့်အခြားသောပရိတ်သတ်များ




 ဆရာတော်ဦးဂန္ဓမာလာလင်္ကာရမှကျောင်းဆိုင်းဘုတ်အားဖွင့်လှစ်နေပုံ

 ဖွင့်လှစ်ပြီးနောက်ရွှေမိုးငွေမိုးများလည်းရွာသွန်းနေပုံ
                   ရနောင်းဌာနီကျောင်းဖွင့်ပွဲအမှတ်တရဓာတ်ပုံများကိုတင်ပြပေးလိုက်ပါသည်။
 ဆရာတော်သည် ကျောင်းဖြစ်ရေးအတွက် ပင်ပန်းမှုကို အဓိကမထားဘဲ ကြိုးစားအားထုတ်ခဲ့ရသည် သိရသည့်အတွက် အတိုင်းထက်အလွန်ပင် သာဓုခေါ်မိပါသည်။





 ကျောင်းသား၊ကျောင်းသူကလေးများ၏ ပျော်ရွှင်နေကြပုံကိုတွေ့ရစဉ်


 အားလုံးသောကြွရောက်ကြသောပရိတ်သတ်အပေါင်းတို့အား ထမင်းဖြင့်ဧည့်ခံကျွေးမွေးကာ ညနေ၅နာရီ အချိန်တွင် အားလုံးပြီးအောင်မြင်ခဲ့ပါသည်။


Thursday, November 24, 2011

ဆရာတော်ကြီးလာရောက်မှုအမှတ်တရ

 ရနောင်းခရိုင်ဆရာတော်ကြီးကိုယ်တိုင်လာရောက်စာအုပ်များလာရောက်လှုဒါန်းနေစဉ်




ရနောင်းခရိုင် ဥက္ကဋ္ဌဆရာတော်ကြီမှ လာရောက်၍ ကလေးငယ်များ စာအုပ်ခဲတန်းများကိုလည်း လှုဒါန်းခြင်း ပြုလုပ်ခဲ့ပါသည်။ ဆရာတော်ကြီး ရနောင်းဌာနီကျောင်းနှင့်ပတ်သက်သော အခက်အခဲများကို တတ်နိုင်သမျှ ကူညီခြင်း၊ ထိုင်းနိုင်ငံ အာဏာပိုင်များဖြစ်သော လက၀ကများ သာသနာရေးဌာနများ စစ်တပ်များ၊ခရိုင်ရဲများ၊ နယ်မြေပိုင်အာဏာပိုင်များ ကျောင်းကို လာရောက်၍ ပတ်စပိုစ်များ၊ဘတ်များ၊စာရွက်စာတန်းများကို လာရောက်စစ်ဆေးသောအခါ အမြဲတမ်း ကြည့်ရှုစောင့်ရှောက်လေ့ရှိပါသည်။ 
             ကျောင်းတွင်တာဝန်ယူကြီးကြပ်တော်မူကြသော ရဟန်းတော်များသည် မိမိတို့နိုင်ငံ ပတ်စပိုစ်ကို ကိုင်ဆောင်လျှက်ရှိပြီး၊လိုအပ်သောဗီဇာကို ဆရာတော်ကြီးမှ ထောက်ခံပေးခြင်းဖြင့် သီတင်းသုံးနေထိုင်လျှက် ရှိပါသည်။ 
               ကျောင်းတွင် တာဝန်ထမ်းဆောင်ကြသော ဆရာများသည်လည်း အနည်းဆုံး ထိုင်းနိုင်ငံဘတ်ကို ကိုင်ဆောင်မှသာလျှင် ဆရာအဖြစ် ခန့်အပ်ပါသည်။ 
                ကျောင်းသားများသည်လည်း မွေးစာရင်းနှင့်အတူ မိဘတို့ ထိုင်းဘတ်(သို့) မြန်မာနိုင်ငံ ပတ်စပိုစ် တို့ကို မိတ္တူပါမှသာလျှင် ကျောင်းသားအဖြစ်လက်ခံပါသည်။
      သို့သော်လည်း ထိုင်းအာဏာပိုင်များတို့ တာဝန်အရ စစ်ဆေးခြင်းကို တစ်ခြားသော ကျောင်းများနည်းတူပင် စစ်ဆေးခြင်းကိုခံရပါသည်။ 
    ရနောင်းဌာနီကျောင်းသည်- ရေပူတွင်းကျောင်းဆရာတော် (ခရိုင်ဥက္ကဋ္ဌဟောင်း) ၀ပ်နာမိန်ကျောင်းဆရာတော်လက်ရှိ(ခရိုင်ဥက္ကဋ္ဌဆရာတော်)၀ဒါန်းကျောင်းဆရာတော်(ရနောင်းမြို့သံဃဥက္ကဋ္ဌဆရာတော်ကြီးတို့၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံ တိပိဋက ဆရာတော် ဦးဂန္ဓမာလာလင်္ကာရ၏ ထောက်ပံ့ခြင်းဖြင့်ကျောင်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။


                       


ပြိုင်ပွဲလှုပ်ရှားမှုကလေးများ

ရနောင်းမြို့ရှိ အသီးသီးသော ထိုင်းကျောင်းများ မြန်မာရွှေ့ပြောင်းအလုပ်သမားများတို့၏ ကျောင်းပေါင်းစုံ ဘောလုံးပွဲကို ရနောင်းဌာနီကျောင်းမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ (ဒုတိယ)ဆုကိုရရှိခဲ့သော အမှတ်တရ ကလေးများ
 တိုက်စစ်မှုး စိုးသက်ထွေး ရှေ့တန်းအကောင်းဆုံဆုနှင့် တံဆိပ်
 အလယ်တန်းအကောင်းဆုံးဆုတံဆိပ်ရှင် ရဲလေး


 အသင်းသားများနှင့်ဆုဖလားနှင့်အတူပျော်ရွှင်စွာနေမြင်နေရပုံ


လက်ထောက်ကြီးကြပ်ရေးဆရာတော်နှင့်ကျောင်းသားများ


ပျော်ရွှင်နေသော အသင်းသားကလေးများ

Wednesday, November 23, 2011

ပြိုင်ပွဲလှုပ်ရှားမှုကလေးများ

     ကျောင်းသူကလေး မယုယုမိုး ဆုယူနေစဉ်
 ကျောင်းသူကလေး မသန်းသန်းလဲ့ ဆုယူနေစဉ်
 ကျောင်းသူကလေး မနွယ်ဇာဌေးမှဆုယူနေစဉ်
 ကျောင်းသူကလေး မကြူမာလှိုင် ဆုယူနေစဉ်
 ရနောင်းဌာနီကျောင်းမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သောကျောင်းသားကျောင်းသူများ
 ပြိုင်ပွဲအတွက် လေ့ကျင့်နေကြသောကျောင်းသူကလေးများ
ပြိုင်ပွဲဝင်သော ကျောင်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူကလေးများ

ထိုင်းနိုင်ငံ-ရနောင်းမြို့ရှိရွှေ့ပြောင်းအလုပ်သမားမိသားစုများကျောင်း(၁၃)စုပေါင်းကျင်းပသော ပညာရည်ချွန်ပြိုင်ပွဲတွင် ရနောင်းဌာနီ ဘ၀မြှင့်တင်ရေးကျောင်းမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ အင်္ဂလိပ်စာတွင်ပထမဆုရရှိခဲ့ပြီ ကျန်သောဘာသာရပ်ပြိုင်ပွဲများတွင်လည်း ပညာရည်ချွန်ဆုများကို အသီးသီးရခဲ့ပါသည်။

Tuesday, November 22, 2011

နေ့စဉ်ဘုရားရှိခိုးသောပုံရိပ်များ

ကျောင်းမတက်မီ ကျောင်းသားအားလုံး ဘုရားရှိခိုးရသည် ဘုရားရှိခိုးပြီးသည့်နောက် မဟာစည်ဆရာတော်ရဲ့ နည်း မဟာစည်နည်းဖြင့်ကလေးငယ်များကို တရားထိုင်နည်းကို ဆရာတော်များမှ သင်ကြားပြသကာ ၁၀မီးနစ် နေ့စဉ်တရားထိုင်ကြပါသည်။
 ဘုရားရှိခိုးပြီးနောက် တရားထိုင်နေကြပုံ



 ဘုရားရှိခိုးနေကြပုံ

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။