This is default featured slide 1 title

ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။

Pages

Sunday, February 5, 2012

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။
၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လင်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

၉။ ၾသစေၾတလ်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)း ၃.၃ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၁)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၀၇၁၉ ( အမြင့်ဆုံးအဆင့် ၆)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၁၄.၆၃ ( တတိယ အမြင့်ဆုံး)
သြစတြေလျ၏ လူဦးရေတိုးတက်နှုန်းမှာ သက္ကရာဇ် ၂၀၀၀-၂၀၀၉ အတွင်း ၁၄.၆၃ ရခိုင်နှုန်းရှိသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် လူဦးရေ တိုးတက်မှုနှုန်း တတိယ အမြင့်ဆုံးဖြစ်သည်။ သြစတြေလျနိုင်ငံသည် ပြည်သူ့ဘဏ္ဍာငွေအား ပညာရေးကဏ္ဍ၌ အသုံးပြုမှုမှာ OECD နိုင်ငံများအတွင်း အနိမ့်ဆုံးအဆင့် ၆ တွင်ရှိသည်။
၈။ ဗြိတိန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း ၄.၀ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၉ တွင်ရှိသည်)
တဦးချင်းပြည်တွင်း အသားတင်ထုတ်ကုန် ဒေါ်လာ ၃၅ ၅၀၄ (အမြင့်ဆုံးအဆင့် ၁၆)
လူဦးရေ အပြောင်းအလဲ (၂၀၀၀-၂၀၀၉)း ၃.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၃)
အခြားသော OECD အဖွဲ့ဝင်နိုင်ငံများနှင့် မတူဘဲ အင်္ဂလန်နိုင်ငံ၏ ပညာတတ်လူဦးရေ တိုးတက်မှုမှာ သက္ကရာဇ် ၁၉၉၉-၂၀၀၉ အတွင်း ၄ ရာခိုင်နှုန်းအထိ ရှိသည်။ အင်္ဂလန်နိုင်ငံသည် ပြည်သူ့ဘဏ္ဍာ ကိုပညာရေး၌ အသုံးပြုမှုမှာ OECD အဖွဲ့ဝင်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးအဆင့် ၄ တွင်ရှိသည်။
၇။ နော်ဝေ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်ကုန် ၅၆၆၁၇ ဒေါ်လာ (ဒုတိယ အမြင့်ဆုံး)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၇.၅၂ ရာခိုင်နှုန်း (အမြင့်ဆုံးအဆင့် ၁၄)
နော်ဝေနိုင်ငံသည် ပြည်သူ့ဘဏ္ဍာကို ပညာရေးကဏ္ဍ၌ အသုံးပြုရာတွင် တတိယ အများဆုံးနိုင်ငံဖြစ်သည်။ ဂျီဒီပီ၏ ၇.၃ ရာခိုင်နှုန်းကို အသုံးပြုသည်။ နိုဝေနိုင်ငံ၏ ၆၀ ရာခိုင်နှုန်မှာ ကောလိပ်ဘွဲ့ရများ ဖြစ်သည်။ နိုဝေ နိုင်ငံသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသော နိုင်ငံဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် တဦးချင်းဝင်ငွေ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။
၆။ တောင်ကိုးရီးယား
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၉ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၅.၃ ရာခိုင်နှုန်း ( အမြင့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၂၉၁၀၁ ( အနိမ့်ဆုံးအဆင့် ၁၃)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၃.၇ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၄)
ကိုးရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများတွင် ဘွဲ့ရများသောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ဘွဲ့ရဦးရေ ၅.၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ OECD အဖွဲ့ဝင်များကြားတွင် အမြင့်ဆုံးအဆင့် ၅ ရှိသည်။ ကိုးရီးယားကျောင်းသား အများစုကြိုက်နှစ်သက်သော ဘာသာရပ်များမှာ ပညာရေး၊ လူမှုရေးဘာသာရပ်၊ အနုပညာ ဘာသာရပ်တို့မှာ အမြင်းဆုံးဖြစ်သည်။
၅။ နယူးဇီလန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၅ ( အနိမ့်ဆုံးအဆင့် ၁၄)
တဦးချင်းပြည်တွင်းထုတ်လုပ်မှု ဒေါ်လာ ၂၉၈၇၁ (အနိမ့်ဆုံးအဆင့် ၁၄)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၁.၈၈ ( အမြင့်ဆုံးအဆင့် ၈)
နယူးဇီလန်နိုင်ငံ၏ တဦးချင်းပြည်တွင်းထုတ်လုပ်မှုမှာ ဒေါ်လာ ၃၀၀၀၀ အောက်လျော့နည်းသည့်အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၄ ရှိသည်။ လူဦးရေ ၄၀ ရာခိုင်နှုန်းမှာ ကောလိပ်အဆင့် တက်ရောက်သူများ ဖြစ်သည်။ ကမ္ဘာတွင်ကောလိပ်တက်ရောက်မှု အဆင့် ၅ တွင်ရှိသည်။
၎။ အမေရိကန် ပြည်ထောင်စု
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၁ ရာခိုင်နှုန်း
နှစ်စဉ် တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀) ၁.၄ ရာခိုင်နှုန်း ( အနိမ့်ဆုံးဖြစ်သည်)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၄၆ ၅၈၈ (အမြင့်ဆုံးအဆင့် ၄)
လူဦးရေပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၈.၆၈ ( အမြင့်ဆုံးအဆင့် ၁၂)
အမေရိကန် ပြည်ထောင်စုတွင် ကောလိပ်ပြီးဆုံးမှုသည် လူဦးရေ အချိုးအစားနှင့်တွက် ချက်ပါက ၁.၄ ရာခိုင်နှုန်းသာရှိသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် အနိမ့်ဆုံးဖြစ်သည်။ ပညာရေးအတွက် အသုံးစရိတ်မှာ ပညာရေး အသုံးစရိတ်စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှ သုံးစွဲသည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၆ ရှိသည်။ အရွယ်ရောက်ပြီးသူ ပညာတတ် အများဆုံးသော နိုင်ငံဖြစ်သည်။
၃။ ဂျပန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၄ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ၃.၂ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၁၀)
တဦးချင်း ပြည်တွင်းအသားတင် ထုတ်လုပ်မှု ဒေါ်လာ ၃၃၇၅၁ ( အနိမ့်ဆုံးအဆင့် ၁၇)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉ ရာခိုင်နှုန်း) ၀.၄၆ ရာခိုင်နှုန်း ( အနိမ့်ဆုံးအဆင့် ၆)
ဂျပန်နိုင်ငံရှိ လူဦးရေ ၄၄ ရာခိုင်နှုန်းမှာ ကောလိပ် တက်ရောက်ဖူးသူများ ဖြစ်သည်။ ဂျပန်နိုင်ငံသည် အလယ်တန်းအဆင့် အောင်မြင်မှုတွင် ဖင်လန်နိုင်ငံနှင့် အဆင့်တူညီရှိသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၁.၅ ရာခိုင်နှုန်းကို ကောလိပ်အဆင့် ပညာရေးတွင် သုံးသည့် အတွက် OECD အဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးအဆင့် ၁၇ တွင်ရှိသည်။
၂။ အစ္စရေး
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၄၅ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၀)
တဦးချင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု ၂၈၅၉၆ ဒေါ်လာ
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၁၉.၀၂ ရာခိုင်နှုန်း ( အမြင့်ဆုံး)
၂၀၀၇ ခုနှစ်တွင် ကောက်ယူသော စစ်တမ်းအရ အသက် ၂၅-၆၄ နှစ်အတွင်း ကောလိပ်ပညာ ပြီးဆုံးမှုသည် ၄၄ ရာခိုင်နှုန်းရှိသည်။ အမျိုးသားထုတ်ကုန်နှင့် တွက်ချက်ပါက ပညာရေး အသုံးစရိတ်မှာ ၂၀၀၀-၂၀၀၈ ခုနှစ်အတွင်း ကျဆင်းလာခဲ့သည်။

၁။ ကနေဒါ
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၅၀ ရာခိုင်နှုန်း
နှစ်စဉ်တိုးတက်မှုနှုန်း (၁၉၉၉-၂၀၀၉) ( အနိမ့်ဆုံးအဆင့် ၅)
တဦးချင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု ၃၉၀၇၀ ( အမြင့်ဆုံးအဆင့် ၁၀)
လူဦးရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉) ၉.၈၉ ( အမြင့်ဆုံးအဆင့် ၁၀)
ကနေဒါနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၅၀ ရာခိုင်နှုန်းမှာ ကောလိပ်ပညာ ပြီးဆုံးသူများ ဖြစ်သည်။ OECD အဖွဲ့ဝင်နိုင်ငံများတွင် အမြင့်ဆုံးဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု၏ ၂.၅ ရာခိုင်နှုန်းကို ပညာရေးတွင် သုံးသည့်အတွက် OECD အဖွဲ့ဝင်များတွင် အမြင့်ဆုံးဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကျောင်းသား ၂၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ပြောင်းရွှေ့လာသူများဖြစ်သည်။ 
Sources; The 10 Most Educated Countries in the World         by Maukkha

Wednesday, January 25, 2012

တိပိဋကဆရာတော်၏သာသနာပြုခရီးစဉ် အမှတ်တရများ

       ဆရာတော်ကြီးသည် ၂၁-၁-၂၀၁၂နေ့တွင် မြန်မာနိုင်ငံမှ လေကြောင်းဖြင့်ကြွရောက်လာပြီး မနက်၁၁နာရီအချိန်တွင် လေယာဉ်ကွင်းသို့ရောက်ရှိကာ တည်းခိုရာ ဟိုတယ်ရာမှ ညနေ ၃နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ပန်ပူရီမြို့ -ပန်းရောင်စက်ရုံသို့ကြွရောက်ကာ၊ည-၇နာရီအချိန်တွင် တရာဟောကြားခဲ့ပါသည်။ ဆရာတော်ကြီးသည် တရားဟောကြားမည့်နေရာသို့  ကားဖြင့်၃နာရီကျော်စီရသော်လည်း ပင်ပန်းခြင်းကို အလေးဂရုမထားဘဲ၊ တရားတော်ကို နှစ်နာရီကျော် ဟောကြားတော်မူခဲ့ပါသည်။
       တရားဟောကြားခဲ့ရာဒေသမှ ဘန်ကောက်သို့ ည ၁၀နာရီကျော် အချိန်တွင် ဘန်ကောက်သို့  ပြန်လည်ကြွရောက်ပြီး၊ တည်းခိုရာ ဟိုတယ်သို့ ည (၁)ကျော်အချိန်ပြန်လည်ရောက်ရှိကာ၊ ၂၂-၁-၂၀၁၂ မနက် ၄နာရီအချိန်တွင် ဘန်ကောက်မြို့ စာတုပဒီစက်ရုံသို့ တရားဟောကြား အနုမောဒနာပြုခဲ့ပါသည်။ နေ့လည်ပိုင်တွင် ၁၂၂-လင်းလိုင်းစက်ရုံသို့ ကြွရောက်ကာ တရားတော်များကို ချီးမြှင့်ခဲ့ပါသည်။ ညပိုင်တွင် ၀ပ်ခဲလှိုင်-မဟာချိုင်းမြို့  နို့ဗူးစက်ရုံသို့ကြွရောက် ည၈နာရီအချိန်တွင် ဘာဖြစ်ချင်တာလဲ တရားတော်ကို ဟောကြားတော်မူပါသည်။
၂၃-၁-၂-၂၀၁၂-နေ့ နေ့လည်တွင် မဟာချိုင်မြို့  ထိုင်းယူနီယံသို့  ကြွရောက်ကာ တရားတော်များကို ဟောကြားတော်မူသည်။ ညပိုင်းတွင် မဟာချိုင်မြို့ ရှင်ဖူး စက်ရုံသိုကြွရောက်ကာ တရားတော်များကို ဟောကြားတော်မူခဲ့ပါသည်။
        ၂၄-၁-၂၀၁၂-နေ့ မနက်ပိုင်းတွင် လင်းရောင်ခြည် မိသားစုအထံသို့ ကြွရောက်ကာ တရားတော်များ ဟောကြားတော်မူပါသည်။
        ၂၄-၁၁-၂၀၁၂နေ့ နေ့လည်ပိုင်းတွင် ရှင်ဖူးစက်ရုံတွင် နေ့ဆွမ်းများဘုဉ်းပေးတော်မူပါသည်။



  ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ နယ်မြေအသီးသီးသို့ကြွရောက်ကာ တရားတော်များဟောကြားကာ ရရှိလာသော ဓမ္မပူဇာများကို ရနောင်းမြို့ ရှိ ရနောင်းဌာနီကျောင်းတွင် ပညာသင်ကြားနေကြသော ကလေးငယ်များ(၄၉၀)ကျော်)တို့ကို စားသောက်ရေး၊ပညာရေး၊ကျန်းမာရေးအတွက်။ အထောက်အပံ့  ဖြစ်စေရန်အတွက် ဓမ္မပူဇာများကို အားလုံးလှုဒါန်းခဲ့ပါသည်။ ဆရာတော်ကြီး အမျိုးဘာသာ သာသနာအတွက် တတ်နိုင်သမျှသော စွမ်းအားတို့ဖြင့် လုံးဝပင်ပန်းခြင်းမရှိဘဲ တရားတော်များကို ဟောကြားတော်မူခဲ့ပါသည်။

Monday, January 9, 2012

တိပိဋကဆရာတော်(မြင်းခြံတိပိဋက) သာသနာပြုခရီးစဉ်

  တိပိဋကဆရာတော်(မြင်းခြံဆရာတော်)သည် ထိုင်းနိုင်ငံ အတွင်းတွင် လာရောက်လုပ်ကိုင်နေကြသော မြန်မာပြည်ဖွာ ညီအကို မောင်နှမတို့ ၏ လျှောက်ထားမှုဖြင့် ၂၁နေ့မှစပြီး ၂၄နေ့ နေ့လည်အချိန်အထိ ကြွရောက်တရားဟောကြားမည်ဖြစ်ပါသည်။
ဆရာတော် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သော ရနောင်းမြို့တွင် မြန်မာအလုပ်သမား၏ သားသမီးများကို ပညာရေး နှင့်တကွ တစ်နေ့တာ ကျန်းမာရေး လူမှုရေးများ စားရေးသောက်တာများကို နေ့စဉ်ဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံမှ သူ၏တပည့် ဆရာတော် (၃)ပါးကို ဦးဆောင်ကြီးကြပ်စေပြီး စီမံဆောင်ရွက်စေပါသည်။ 
 ဆရာတော်သည် နှစ်စဉ်လာရောက်ပြီး ထိုင်းနိုင်ငံသို့ ကြွရောက်ကာ တပည့်ဒါယကာ+ဒါယိကာမများကို တရားရေအေး တိုက်ကျွေးတော်မူပြီး တပည့်ဒါယကာ-ဒါယိကာမများ၏ လှုဒါန်းသော အလှုငွေများကို ကလေးငယ်များကို ထောက်ပံ့နိုင်ရန် ထိုင်းနိုင်ငံ ရနောင်းမြို့ ရှိ' ရနောင်းဌာနီကလေးငယ်များ ဘ၀အရည်အသွေး မြှင့်တင်ရာဌာန' ကျောင်းကို ဆရာတော်ကြီး တဘတ်မကျန် လှုဒါန်းခဲ့လေ့ရှိပါသည်။
ဆရာတော်ကြီး ကလေးငယ်များအတွက် နှစ်စဉ်လာရောက်ကာ တရားဟောကြားလေ့ရှိပါသည်။ 
       
ဆရာတော်ကြီး၏ ထိုင်ငံအတွင်းရှိ နေရာဒေသများသို့ကြွရောက်တရားဟောမည့် နေရာနှင့်နေ့ရက်အချိန်များ

၂၁ နေ့ ည ၇းနာရီ = ပန်ပူရီမြို့နယ်။ပန်းရောင်လုံငန်။ပန်ပူရီရပ်။

၂၂ နေ့ မနက် ၇းနာရီ= စာတုပဒီစက်ရုံ အရုဏ်

၂၂ နေ့ ည   ၇းနာရီ= ထိုင်းယူနီယံစက်ရုံ။မဟာချိုင်

၂၃ နေ့ ည ၇းနာရီ ၀ပ်စီမိန်ဘုန်းကြီးကျောင်းအတွင်း။မဟာချိုင်။

၂၄ နေ့  ၂းနာရီ ရှင်ဖူးစက်ရုံ။မဟာချိုင်။

အထက်ဖော်ပြပါနေ့ရက် အချိန်များကို ကြွရောက်တရားဟောမည် ဖြစ်ပါကြောင်းနှင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ပညာရေးမှာ ဘာတွေမှားခဲ့သလဲ – Maung Wuntha on Education


မောင်ဝံသ
ဇန်န၀ါရီ ၉၊ ၂ဝ၁၂
ယခုအပတ်ထုတ် True News ဂျာနယ်တွင် ဖော်ပြထားသော ဆောင်းပါး
“—ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှနားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေး စနစ်ကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ—”

၂၀၁၂ ခုနှစ်ဟာ နှစ်ပေါင်းငါးဆယ်ကြာကာလအတွင်း ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကမ္ဘာ့လူသားအားလုံး ရရှိခံစား ပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့ ကောင်းမြတ်ခြင်းတရားတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ အပြိုးပြက်ဆုံး လင်းလက်တောက်ပမယ့် နှစ်တစ်နှစ်ဖြစ်ဖွယ် ရှိနေတာကြောင့် ဒီနှစ်အတွက် ကျွန်တော့်ရဲ့ ပထမဆုံးဆောင်းပါးကို လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ပညာအကြောင်းနဲ့ ဖွင့်လိုက်ချင်တယ်ဗျာ။
ပညာသည်တန်ခိုးအာနိသင်
ပညာသည် တန်ခိုးအာနိသင် (Knowledge is power) လို့ အလယ် ခေတ် ဗြိတိသျှလူမှုဗေဒပညာရှင်ကြီး ဆာဖရန်စစ်ဘေကွန်က ဆိုခဲ့ဖူးတယ်ဗျ။
ပညာဟာ ကမ္ဘာမှာ လူသားရယ်လို့ ပီပီပြင်ပြင်ဖြစ်ထွန်းပေါ်ပေါက်လာ ချိန်ကစလို့ ဒီကနေ့ တတိယထောင်စုနှစ်ထဲ ၀င်လာခဲ့တဲ့အချိန် အထိ လူသားရဲ့ အရေးအရာတွေမှာ ဘယ်တုန်းကမှ အောက်တန်းနောက်တန်း တစ်နေရာမှာ အထားခံခဲ့ရဖူးတာ မဟုတ်ဘူးဆိုပေမယ့် ဒီကနေ့ခေတ်လောက် ပညာကို လူ့အရေးကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာ အထူးဦးစားပေး အလေးထား အာရုံစိုက်နေကြတာမျိုးကတော့ လူ့ သမိုင်း တစ်ခုလုံးအနေနဲ့ ပြောရရင် ဒါပထမဆုံးဖြစ်တယ်လို့ဆိုရလိမ့်မယ် ထင်တယ်ဗျ။
၂၀၁၁ခုမှာ အထူးခြားဆုံး အာရပ်နွေဦး
နှစ်ဟောင်းအကုန် နှစ်သစ်အကူးကာလထုတ်ဝေတဲ့ ပြည်တွင်းပြည်ပဟာ စာနယ်ဇင်းအားလုံးလိုလိုမှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ အထူးခြား ဆုံး အခြင်းအရာတစ်ခုကို ဆန်းစစ်သုံးသပ်ခဲ့ကြရာမှာ အားလုံးဟာ အာရပ် ကမ္ဘာမှာ ရာစုနှစ်နဲ့ချီ အိပ်ပျော်နေခဲ့ကြတဲ့ ပြည်သူတွေ နိုးထလာကြပြီး ပြည်သူ့စွမ်းပကား (people’s power) နဲ့ အာဏာရှင် အစိုးရတွေကို တွန်းလှဲဖြိုချ ဖယ်ရှားပစ်ခဲ့ကြမှုကို တင်စား သုံးနှုန်းတဲ့ အာရပ်နွေဦး ကို တစ်ညီ တစ်ညွှတ် တည်း ရွေးချယ်ခဲ့ကြတယ်ဗျ။
တစ်ဆက်တည်းမှာ အဲဒီအာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုတွေရဲ့ ၀င်ရိုးဟာ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ ယူကျု၊ အိုင်ပက်၊ အိုင်ဖုန်း စတဲ့ ခေတ်မီဆက်သွယ်ရေးနည်းပညာနဲ့ နည်းပညာပစ္စည်းတွေ ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာပဲ ဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူ အားလုံးက မီးမောင်းထိုးပြခဲ့ကြတယ်ဗျာ။
ဗုဒ္ဓသည် ပညာအဓိကဘုရား
ကျွန်တော်တို့နိုင်ငံမှာ လူများစုကြီး ကိုးကွယ်ရာ ဗုဒ္ဓသာသနာကို ထူထောင်ခဲ့တဲ့ ဂေါတမမြတ်စွာဗုဒ္ဓဟာလည်း သဒ္ဓါအဓိက၊ ၀ိရိယအဓိက၊ ပညာအဓိကဆိုတဲ့ ဘုရားတွေအနက် ပညာအဓိက ဘုရားဖြစ်တယ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်း အသိဖြစ်တယ်ဗျ။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ နိုင်ငံဟာလည်း ပညာကို အထူးအလေးအမြတ်ထားဦးစားပေးတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း၊ ယဉ်ကျေးမှုသမိုင်းတွေကို လေ့လာကြည့်ရင် အထင်အရှားမြင်တွေ့နိုင်တယ်ဗျ။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အားလုံးကို လူတစ်ဦးတည်းက ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင် ပညာရှင်တွေ လူ့အဖွဲ့အစည်းရဲ့ ရှေ့ဆုံးတန်း ထိပ်ဆုံးတန်းမှာ နေရာပေးခြင်းခံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အများအပြားရှိခဲ့တာ သမိုင်း လေ့လာသူအားလုံး အသိဖြစ်တယ် ဗျ။
ပညာရဲ့နေရာ လျှောကျခဲ့ရ
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကာလအတွင်း အဲဒီအခြေအနေဟာ ယိုယွင်းယိမ်းယိုင်ခဲ့ရတယ်ဗျာ။ “ပညာအခြေခံ လူ့အဖွဲ့အစည်း” ဆိုတဲ့ သဘော တရား အဲဒီကာလအတွင်း တရားဝင် ဖျက်သိမ်းခြင်းခံခဲ့ရတာ မဟုတ်ပေမယ့် လက်တွေ့အနှစ်သာရအရတော့ ပညာဟာ ဦးစားပေး အဆင့်ကနေ လျှောကျ ခဲ့ရ (ဒါထက် ပိုပြီး ပီပီပြင်ပြင်ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ပြောရရင်) ပညာဟာ သစ္စာခံမှုရဲ့ နောက်ကို ပို့ပစ်လိုက်ခြင်းခဲ့ရတာ ဖြစ်တယ်ဗျ။
အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဲဒီခေတ်ရဲ့ ပထမ မျိုးဆက်ကာလမှာ နိုင်ငံဟာ “ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ” (LDC) ဖြစ်သွားခဲ့ပြီ၊ ဒုတိယမျိုးဆက်ကာလမှာ “ရှုံးနိမ့်သောနိုင်ငံ”( Failed State) တစ်ခုအဖြစ်ဆီသို့ တရွေ့ရွေ့လျှောကျနေတဲ့ နိုင်ငံတစ်ခုအဖြစ် ကျရောက်သွား ခဲ့တာပဲ ဖြစ်တယ်ဗျ။
သင်္ဘောကြီး ပြန်ပေါ်လာသလို
အခုတော့ တဖြည်းဖြည်းချင်း နစ်နေတဲ့ သင်္ဘောကြီးဟာ တစ်ချိန်က အတိုက်အခံဖြစ်သူတွေ အပါအ၀င် ပြည်သူတစ်ရပ်လုံး အားကြိုးမာန်တက် ခပ်ထုတ်နေတဲ့ရေတွေကြောင့် တဖြည်းဖြည်းချင်း ရေပေါ်ကို ပြန်ပေါ်စပြုနေ ပြီဗျာ။
အဲဒီဖြစ်စဉ်ရဲ့ အစမှတ်တစ်ခုကတော့ စတုတ္ထမဏ္ဍိုင်ကို အလေးထား ကြရမယ် ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့စကား ဖြစ်တယ် လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။ သမ္မတကြီးရဲ့ အဲဒီစကားက လက်တွေ့ အနှစ်သာရအရ ပြောရရင် ရာစုတစ်ဝက်လောက် အမှိုက်ပုံးထဲရောက် နေခဲ့တဲ့ ပညာကို ဆွဲထုတ်ဆေးကြော သန့်စင်တိုက်ချွတ်ပြီး သူ့ရဲ့နေရာမှန်ဖြစ်တဲ့ န၀ရတ်ကိုးပါး စီခြယ်ထားတဲ့ ကလပ်ပေါ် ပြန်တင်ပေးလိုက်တာဖြစ်တယ်ဗျာ။ ပညာလောကသားတစ်စုရဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြုကြဖို့ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်ကို ညွှန်ကြားလိုက်တာဖြစ်တယ်ဗျ။
ပုဂ္ဂလိကကျောင်းများထူထောင်ခွင့်
အဲဒီနောက်ပိုင်း ပညာရေးနဲ့ ပတ်သက်ပြီး နောက်ထပ်ပြုပြင် ပြောင်းလဲမှု တွေ အစိုးရက ဦးဆောင်ပြုလုပ်လာတာကို မြင်တွေ့ခဲ့ကြရတယ်ဗျ။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့် ဥပဒေ ထွက်ပေါ်လာခြင်းနဲ့ ၂၀၁၂ ပညာသစ်နှစ်က စပြီး တက္ကသိုလ် ပညာသင်နှစ်ကို တစ်နှစ်တိုးလိုက်တဲ့ အစီအစဉ်တို့ပဲ ဖြစ်တယ်ဗျ။
ကျွန်တော်က လွတ်လပ်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရေး အတွက် ပညာရေးဟာ အခရာဖြစ်တယ်ဆိုတဲ့ သဘောတရားကို နက်နက် ရှိုင်းရှိုင်း နှစ်နှစ်ကာကာ ယုံကြည်ထားသူဖြစ်တာမို့ ပညာရေးတိုးတက်ဖို့ အမှန်တကယ် ရည်ရွယ်တဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကို မဆို ယေဘုယျအားဖြင့် ကြိုဆိုချင်ပါတယ်ဗျ။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ အဲဒီကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုတယ်ဗျာ။
ဘာတွေမှားခဲ့သလဲ
ဒါပေမယ့် နှစ်ပေါင်းငါးဆယ်လောက် ယိုယွင်းယိုင်နဲ့နေခဲ့တဲ့ ပညာရေး ယန္တရားကြီး တစ်ခုလုံး အားကောင်းမောင်းသန် ဖြစ်လာဖို့ ဆိုရင် အဲဒီကာလမှာ ဘာတွေမှားခဲ့တာလဲဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်လေ့လာ ဖော်ထုတ်ပြီး အမှန်ရောက်အောင် အမှားပြင် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အသစ်ထပ်မံဖြည့်စွက်တာမျိုးတွေ မလုပ်ဘဲနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆတယ်ဗျ။
ဥပမာ ဒီမိုကရေစီပညာရေးစနစ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်သူ (Stake holder) တစ်ဦးဖြစ်တဲ့ ကျောင်းသားတွေရဲ့ တကယ့်ရင်ထဲက အသံတွေ ကြားနိုင်ဖို့အရေးမှာ ပင်မအခြေခံဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသား ကိုယ်စား လှယ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ။ ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှနားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေး စနစ်ကို ဘယ်လိုပြုပြင် ပြောင်းလဲမလဲ။
အရွယ်မတိုင်ခင် စီးပွားရေးလုပ်ငန်းထဲ ရောက်နေကြတဲ့ ကလေးသူငယ်အားလုံး မဟုတ်တောင် အများစုကြီး စာသင်ခန်းထဲ ရောက်လာအောင် ဘယ်လိုလုပ်မလဲ။
တစ်နေ့ကို သုံးလေးနာရီလောက် ဘတ်စ်ကားပေါ်မှာ အလဟဿ အချိန်ဖြုန်းပြီးမှရောက်နိုင်တဲ့ မြို့စွန်မြို့ဖျားက နေရာတွေမှာ တက္ကသိုလ်တွေ ရောက်နေတာ ဘာကြောင့်လဲ။ အဲဒီလိုဖြစ်နေ တာ သဘာဝ ကျရဲ့လား။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရဲ့လား။ အကျိုးထက် အပြစ်က ပိုများနေသလား။
တက္ကသိုလ်ကြီးတွေဟာ ခမ်းနားကြီးကျယ် သလောက် ပညာရေးအနှစ်သာရ မယ်မယ်ရရမရှိတဲ့ “အဆင်းလှဆန်း လူ့ပေါက်ပန်း”တွေလို ဖြစ်နေသလား။ “တက္ကသိုလ်ရဲ့ အသက်ဟာ သုတေသန” ဆိုတဲ့စကားနဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကိုက်ညီရဲ့လား စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာအတွက် အမြန်ဆုံး အဖြေရှာ လုပ်ဆောင်ခြင်းမရှိဘဲနဲ့တော့ ကျွန်တော်တို့နိုင်ငံ ကမ္ဘာကြီး မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတချို့ကိုတောင် အမီလိုက်နိုင်ဖို့ မလွယ်သေးဘူးလို့ ကျွန်တော် ထင်တယ်ဗျာ။
မိုးမခဆိုက်မှ ကူးယူဖော်ပြပါသည်။
၀၃ ၀၁ ၂၀၁၂

Monday, December 19, 2011

ကျန်းမာရေးဌာန ပိုလီယိုတိုက်ကျွေးမှုအမှတ်တရဓာတ်ပုံများ

 
ထိုင်းနိုင်ငံ ရနောင်းမြို့ ကျန်းမာရေးဌာနမှ ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး လာရောက်တိုက်ကျွေးနေစဉ်။
ရနောင်းမြို့ပေါ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆောက်လုပ်တည်ထားကိုးကွယ်ထားသော
ဆုတောင်းပြည့် စေတီတော်တစ်ဆူကို တွေ့မြင်ရစဉ်

 
ဝန်ထမ်းများနှင့် အကျိုးတော်ဆောင် ဆရာတော်အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ်
                             ကိုရင်ငယ်ကလေးများကိုလည်း အခုလို တိုက်ကျွေးနေစဉ်

Friday, November 25, 2011

လှုပ်ရှားမှုကလေးများ


 ပျော်ရွှင်စွာဆင်နွှဲခဲ့သော ရနောင်းဌာနီကျောင်း ဖွင့်ပွဲအခမ်းအနားကလေးကို အမှတ်တရအနေဖြင့် တင်ပြပေးလိုက်ပါတယ်

            တိပိဆရာတော်ဦးဂန္ဓမာလာလင်္ကာရမှသြ၀ါဒကထာနှင့်ကျောင့်ဖွင့်လှစ်ရခြင်း၏        ရည်ရွယ်ချက်များကိုဟောကြားနေစဉ်

 တိပိဆရာတော်နှင့်ရနောင်းခရိုင်းဥက္ကဋ္ဌဆရာတော်၊မြို့နယ်ဥက္ကဋ္ဌဆရာတော်တို့ကိုဖူးမြင်ရပုံ
 ဖွင့်ပွဲသို့ အားခဲရောက်လာကြသောရနောင်းမြို့ရှိကျောင်းသားမိဘများနှင့်အခြားသောပရိတ်သတ်များ




 ဆရာတော်ဦးဂန္ဓမာလာလင်္ကာရမှကျောင်းဆိုင်းဘုတ်အားဖွင့်လှစ်နေပုံ

 ဖွင့်လှစ်ပြီးနောက်ရွှေမိုးငွေမိုးများလည်းရွာသွန်းနေပုံ
                   ရနောင်းဌာနီကျောင်းဖွင့်ပွဲအမှတ်တရဓာတ်ပုံများကိုတင်ပြပေးလိုက်ပါသည်။
 ဆရာတော်သည် ကျောင်းဖြစ်ရေးအတွက် ပင်ပန်းမှုကို အဓိကမထားဘဲ ကြိုးစားအားထုတ်ခဲ့ရသည် သိရသည့်အတွက် အတိုင်းထက်အလွန်ပင် သာဓုခေါ်မိပါသည်။





 ကျောင်းသား၊ကျောင်းသူကလေးများ၏ ပျော်ရွှင်နေကြပုံကိုတွေ့ရစဉ်


 အားလုံးသောကြွရောက်ကြသောပရိတ်သတ်အပေါင်းတို့အား ထမင်းဖြင့်ဧည့်ခံကျွေးမွေးကာ ညနေ၅နာရီ အချိန်တွင် အားလုံးပြီးအောင်မြင်ခဲ့ပါသည်။


Thursday, November 24, 2011

ဆရာတော်ကြီးလာရောက်မှုအမှတ်တရ

 ရနောင်းခရိုင်ဆရာတော်ကြီးကိုယ်တိုင်လာရောက်စာအုပ်များလာရောက်လှုဒါန်းနေစဉ်




ရနောင်းခရိုင် ဥက္ကဋ္ဌဆရာတော်ကြီမှ လာရောက်၍ ကလေးငယ်များ စာအုပ်ခဲတန်းများကိုလည်း လှုဒါန်းခြင်း ပြုလုပ်ခဲ့ပါသည်။ ဆရာတော်ကြီး ရနောင်းဌာနီကျောင်းနှင့်ပတ်သက်သော အခက်အခဲများကို တတ်နိုင်သမျှ ကူညီခြင်း၊ ထိုင်းနိုင်ငံ အာဏာပိုင်များဖြစ်သော လက၀ကများ သာသနာရေးဌာနများ စစ်တပ်များ၊ခရိုင်ရဲများ၊ နယ်မြေပိုင်အာဏာပိုင်များ ကျောင်းကို လာရောက်၍ ပတ်စပိုစ်များ၊ဘတ်များ၊စာရွက်စာတန်းများကို လာရောက်စစ်ဆေးသောအခါ အမြဲတမ်း ကြည့်ရှုစောင့်ရှောက်လေ့ရှိပါသည်။ 
             ကျောင်းတွင်တာဝန်ယူကြီးကြပ်တော်မူကြသော ရဟန်းတော်များသည် မိမိတို့နိုင်ငံ ပတ်စပိုစ်ကို ကိုင်ဆောင်လျှက်ရှိပြီး၊လိုအပ်သောဗီဇာကို ဆရာတော်ကြီးမှ ထောက်ခံပေးခြင်းဖြင့် သီတင်းသုံးနေထိုင်လျှက် ရှိပါသည်။ 
               ကျောင်းတွင် တာဝန်ထမ်းဆောင်ကြသော ဆရာများသည်လည်း အနည်းဆုံး ထိုင်းနိုင်ငံဘတ်ကို ကိုင်ဆောင်မှသာလျှင် ဆရာအဖြစ် ခန့်အပ်ပါသည်။ 
                ကျောင်းသားများသည်လည်း မွေးစာရင်းနှင့်အတူ မိဘတို့ ထိုင်းဘတ်(သို့) မြန်မာနိုင်ငံ ပတ်စပိုစ် တို့ကို မိတ္တူပါမှသာလျှင် ကျောင်းသားအဖြစ်လက်ခံပါသည်။
      သို့သော်လည်း ထိုင်းအာဏာပိုင်များတို့ တာဝန်အရ စစ်ဆေးခြင်းကို တစ်ခြားသော ကျောင်းများနည်းတူပင် စစ်ဆေးခြင်းကိုခံရပါသည်။ 
    ရနောင်းဌာနီကျောင်းသည်- ရေပူတွင်းကျောင်းဆရာတော် (ခရိုင်ဥက္ကဋ္ဌဟောင်း) ၀ပ်နာမိန်ကျောင်းဆရာတော်လက်ရှိ(ခရိုင်ဥက္ကဋ္ဌဆရာတော်)၀ဒါန်းကျောင်းဆရာတော်(ရနောင်းမြို့သံဃဥက္ကဋ္ဌဆရာတော်ကြီးတို့၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံ တိပိဋက ဆရာတော် ဦးဂန္ဓမာလာလင်္ကာရ၏ ထောက်ပံ့ခြင်းဖြင့်ကျောင်းကို ဖွင့်လှစ်ခြင်းဖြစ်ပါသည်။


                       


တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။