Pages

Sunday, November 13, 2011

ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်များ(၁)

          ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ တောင်ဘက် ကီလိုမီတာ (၅၆၈) ကီလိုမီတာ ခန့်ရှိ ရနောင်း ပြည်နယ်သည် လူဦးရေ အနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်သည်။၂ဝဝ၇ ခုနှစ်တွင် လူဦးရေ ၁,၇၉,၈၅ဝ ဦး ရှိသည်။ အများစုမှာဗုဒ္ဓ္ဓဘာသာများ ဖြစ်ပြီး ဒုတိယ အများဆုံးမှာ မွတ်ဆလင် လူမျိုးများ ဖြစ်ကြသည်။
မြန်မာပြည်ဘက် အခြမ်း ကော့သောင်းဘက်တွင် လူဝင်မှု ကြီးကြပ်ရေး စစ်ဆေးရေးဂိတ် ထားရှိပြီး တရားဝင်စာရွက်စာတမ်း အပြည့်အစုံနှင့် ခရီးသွားလာ ကြသူများအား စစ်ဆေးလျက် ရှိသည်။ သို့သော်လည်း မြန်မာဘက် အခြမ်းမှာ ရွှေ့ပြောင်း နေထိုင် အလုပ်လုပ်ကိုင် နေသူများသည် တောင်တန်းများ ထူထပ်သည့် ဧရိယာများမှ ဖြတ်သန်းပြီး တရားမဝင် ရနောင်းသို့ ဝင်လာလျက် ရှိကြသည်။
          သို့သော်လည်း ယခုအချိန်ကာလတွင် နှစ်နိုင်ငံညှိနှိုင်းမှုဖြင့် ပတ်စပိုစ်များထုတ်ပေးခြင်းဖြင့် တရားဝင်းနေထိုင်သော မြန်မာလူမျိုးများ အများအပြားပင်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံသားများသည် အကြောင်းအမျိုးမျိုးဖြင့် ထိုင်ငံနိုင်ငံတွင် ဆက်စပ်ရာမြို့ နီးစပ်ရာ အဆက်အသွယ်ရှိရာမြို့များတွင် မြန်မာနိုင်ငံသားများသည် နေထိုင်ကြရာ၊ရနောင်းမြို့တွင်လည်း မြန်မာလူမျိုးအများအပြားပင်ရှိသည်။ ရနောင်းမြို့တွင် နေထိုင်လုပ်ကိုင်စားသောက်ကြသော အလုပ်သမားတို့သည် မိမိတို့၏ သားသမီးများကို မိမိတို့လူမျိုးတို့၏ စာပေများကို တတ်သိနိုင်ရန်အတွက်ကြောင့်လည်းကောင်း ပညာများကို တတ်နိုင်သမျှပေးနိုင်ရန်အတွက်ကြောင့်လည်းကောင်း သူတို့တတ်နိုင်သမျှ မိမိနှင့်အတူ နေထိုင်လျှက်(သို့မဟုတ်) မိမိတို့နှင့်ဝေရာ အရပ်သို့လွှတ်လျှက်လည်းကောင်း မိမိတို့၏ သားသမီးများကို သင်ယူစေကြသည်။ မိမိတို့နှင့်နေထိုင်ရာ ရနောင်းမြို့မှာ နေထိုင်စေပြီး အနောက်နိုင်ငံများ(သို့မဟုတ်) ခရစ်ယာန်အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ထားသော ရွှေ့ပြောင်းအလုပ်သမားများ၏ မှီခိုရာ ကျောင်းများသို့ သွားရောက်အပ်နှံကာ ကျောင်းပညာကို သင်ယူစေသည်။ ရလာဘ်အနေဖြင့် တံငါးနားနီ တံငါး မုဆိုးနားနီ မုဆိုး ဆိုသည့်အတိုင် မြန်မာဗုဒ္ဓဘာသာကလေးငယ်များသည်  တစ်ခြားဘာသာသို့ ကူးပြောင်းသွားကြလေသည်။
          ထိုင်ငံနိုင်ငံ ရနောင်းမြို့တွင် ရွှေ့ပြောင်းအလုပ်သမားတို့၏ မှီခိုရာ ကျောင်းပေါင်း (၁၃)ကျောင်းရှိရာ ရနောင်းဌာနီကျောင်းမှလွဲ၍ ကျန်သော(၁၂)ကျောင်းသည် နောက်နိုင်ငံ(သို့) ခရစ်ယာန်တို့၏ အထောက်အပံ့ဖြင့် ရပ်တည်ကာ ဖွင့်လှစ်ထားလေသည်။ရနောင်းဌာနီကျောင်း တစ်ကျောင်းတည်းသာ ကိုယ့်အစွမ်းအစဖြင့်ရပ်တည်ကာ နေရသော ကျောင်းဖြစ်ပင်ဖြစ်သည်။ ကိုယ့်အစွမ်းအစဟုဆိုသော်လည်း ရနောင်းမြို့တွင် လာရောက်လုပ်ကိုင်ကြသော မြန်မာလူမျိုးများ၏ လှုဒါန်းမှုဖြင့်ပင်ရပ်တည်ရခြင်းဖြစ်ပါသည်။
          မနက်ပိုင်းတွင် တာဝန်ခံဆရာတော်နှင့်တကွ ကျောင်းနေကိုရင် ၁၀ပါးတို့ဖြင့် ဆွမ်ခံရသော ဆွမ်း။ဆွမ်းဟင်းများကို ရရှိထားသော အလှုငွေဖြင့် လိုအပ်သလောက် တစ်နေ့စာ ၀ယ်ယူဖြည့်စွက်ကာ ချက်ပြုတ်ပြီး ၄၅၀ ကျော်သော ကျောင်းသား ကျောင်းသူများကို စီမံချက်ပြုတ် ကျွေးမွေးရလေသည်။ ကျွေးမွေးရာတွင်လည်း ဆရာတော်များ ကျောင်းဆရာ ကျောင်းဆရာမများကိုယ်တိုင် ကြီးကြပ်ကျွေးမွေးကြလေသည်။ ထိုကြောင့် ကလေးငယ်များကို အစားအသောက်ကို စားသောက်ပုံ စားသောက်နည်းကအစ အစစအရာရာကို မိဘတို့ မသင်ကြားနိုင်သော အချိန်အပိုင်းအတွင် သင်ကြားပေးရလေသည်။
          ကျောင်းတက်ချိန်မရောက်ခင် ဘုရားရှိခိုးခြင်း ကျောင်းဆင်းပြီးနောက် ဘုရားရှိခိုခြင်း.ဘုရားရှိခိုးပြီးနောက် ဘာသာရေးအသိပညာများကို ဆရာတော်များမှ သင်ကြားပေးခြင်းတို့ကြောင့် ဘာသာခြားတို့၏ သိမ်းသွင်းခြင်းမှလည်း ကာကွယ်နိုင်အောင် သင်ကြားပေးလေသည်။
`        ရနောင်းဌာနီကျောင်းသည် တစ်ခုတည်းသော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးစီဦးဆောင်ပြုပြီး ရပ်တည်နေရသောဖြစ်သောကြောင့် ဘာသာရေးခံတပ်အဖြစ် သာသနာပြုနေခြင်းဖြစ်ပါသည်။
          ရနောင်းဌာနီကျောင်းတွင် ကျောင်းဆရာ/ဆရာမ အားလုံး ၁၁ဖြင့် ပညာသင်ကြားပေးသည် ထိုင်းဘာသာရပ်။ သင်္ချာ။မြန်မာ။အင်္ဂလိပ်။ပထ၀ီ။အတန်းတိုင်းတွင် သူ့အတန်းလိုက်ပြဋ္ဌာန်းထားသော ဘာသာရပ်အလိုက်သင်ကြားပေးပါသည်။ မူကြိုတန်းမှစပြီး ခုနှစ်တန်းအထိ မနက်၉နာရီအချိန်မှ ညနေ ၃နာရီ၃၀အထိကျောင်းတက်ချိန်သတ်မှတ်ပြီး သင်ကြားနေပါသည်။
         

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။