Pages

Thursday, September 8, 2011

လောကနီတိ

ပေရပိုက်မှာ ရေးထားသောအတတ်ပညာသည်မိမိ၏ အတတ်ပညာမဟုတ်
ထိုအတူသူတပါ၏ လက်ဝယ်ရှိသောစည်းစိမ်သည်လည်းမိမိ၏ စည်းစိမ်ဟူ၍မမှတ်ယူရပေ။
CHRONICLED KNOWLEDGE SHALL NOT BE REGARDED AS ONE`S OWN.
PROPERTY IN THE HANDS OF OTHER SHALL NOT BE REGARDED AS ONE`S OWN.


စည်သည်တီးမှမြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူများမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်စွာဟောပြောတတ်လေ၏။
AS A DRUM EMITS SHOULD WHEN STRUCK THE LEARNED RESPONDS ONLY WHEN ASKED.
ASKED OR NOT,THE UNEDUCATED SPEAKS TOO MUCH.


ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံ အရောက်သွားပြီ ပညာကိုကြိုစား၍ ဆည်းပူး သင်ယူရာ၏။
ONE WHO WANTS KNOWLEDGE SHOULD GET TO THE WISE AND LEARN SERIOUSLY.


တောင်တိုင်းတွင်း ပတ္တမြားမရှိ။
ဆင်တိုင်းတွင် အမြုတေးမရှိ။
တောတိုင်းတွင် စန္ဒကူးမရှိ။
အရပ်ဌာနတိုင်းတွင်လည်း ပညာရှိ သုခမိန်မရှိ။

THERE IS NO RUBY IN EVERY MOUNTAIN.
THERE IS NO PEARL IN EVERY ELEPHANT.
THERE IS NO SANDALWOOD IN EVERY FOREST.
THERE IS NO SAGE IN EVERY PLACE.



နုတ်မှုလက်မှုပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ။
ပြည့်စုံကုန်စင်အောင်တတ်မြောက်ပါမူ တစ်ခုသောအတတ်ပညာသည်ပင် အသက်မွေးဝမ်းကြောင်းဖြစ်နိုင်ရာ၏။
NEVER THINK OF ARTS AND SCIENCE AS TRIVIAL.
WHEN LEARNT COMPLETELY,EVEN ONE KIND OF PROFICIENCY CAN BE USED AS LIVELIHOOD.

အကြားအမြင်ကို ဘယ်သောအခါမှနည်းသည်ဟူ၍ ဘယ်သောအခါမှ မအောက်မေ့ရာ၊
လေ့လာဆည်းပူး၍ စိတ်၌သိုမှီ သိမ်းဆည်းထားရာ၏၊
ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကိုရသကဲ့သို့လည်းကောင်း ကျဖန်များသောမိုးပေါက်ရေများသည် ကြီးမာသောအိုးစရည်ကိုပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။
NEVER THINK OF KNOWLEDGE AND WISDOM AS LITTLE.
SEEK IT AND STORE IT IN THE MIND.
NOTE THAT ANT-HILLS ARE BUILT WITH SMALL PARTICLES OF DUST AND INCESSANTLY FALLING RAIN- DROPS,WHEN COLLECTED,CAN FILL A BIG POT.

ဤလောက၌ အတတ်ပညာနှင့်တူသော ဥစ္စာသည်မရှိ။
အတတ်ပညာသည် ခိုးသူတို့မခိုးယူနိုင်
အတတ်ပညာသည် မိတ်ဆွေကောင်းဖြစ်၍ စည်းစိမ်းဥစ္စာကိုလည်းပေးနိုင်။
IN THIS WORLD,THERE IS NO WEALTH EQUAL TO LEARNING.
THIEVES CAN NOT STEAL LEARNING.
LEARNING IS THE TRUE FRIEND AND CAN GIVE HAPPINESS.





ပျင်းရိသောသူ အတတ်ပညာမရနိုင်။
အတတ်ပညာမရှိသူ ဥစ္စာစီးပွါး မရနိုင်။
ဥစ္စာစီပွားမရှိသူ အဆွေခင်ပွန်းကောင်းမရနိုင်။
အဆွေခင်ပွန်းကောင်းမရှိသူ ချမ်းသာသုခမရနိုင်။
ချမ်းသာသုခမရှိသူ ကောင်းမှုကုသိုလ်မရနိုင်။
ကောင်းမှုသုခမရှိသောသူသည် နိဗ္ဗာန်ကို အဘယ်မှာ မျက်မှောက်ပြုနိုင်ပါအံ့နည်း။

ONE WHO IS LAZY GAINS NO KNOWLEDGE.
ONE WHO HAS NO KNOWLEDGE GAINS NO WEALTH.
ONE WHO HAS NO WEALTH HAS NO GOOD COMPANION.
ONE WHO HAS NO GOOD COMPANION HAS NO SOLACE.
ONE WHO HAS NO SOLACE CAN NO GAIN MERIT.
HOW CAN ONE FIND THE WAY TO NIVANA WITHOUT GOOD DEEDS.

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။